ထုိင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕ သားကုိ ေငြေၾကးခ၀ါခ်မႈနဲ႔ စြဲခ်က္တင္

0
446

ထိုင္းႏုိင္ငံကေန ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ ႐ွင္နာဝပ္ရဲ႕ တစ္ဦးတည္းေသာ သားျဖစ္သူကုိ ထိုင္းအထူးစံုစမ္းေရးအဖြဲ႔က ေငြေၾကးခဝါခ်မႈနဲ႔ စြဲခ်က္တင္လိုက္ပါတယ္။

ပန္သြန္ေတး ႐ွင္နာဝပ္ဟာ ၂၀၀၄ ခုႏွစ္က ထုိင္းဘတ္ေငြ ၁၀ သန္းကုိ ဘဏ္ခ်က္လက္မွတ္နဲ႔ လက္ခံရယူခဲ့ေၾကာင္း စြပ္စြဲခံထားရပါတယ္။ အဲဒီ အမႈဟာ ၎ရဲ႕သူ႔ဖခင္ သက္ဆင္ ထုိင္းဝန္ႀကီးခ်ဳပ္ ျဖစ္ခဲ့စဥ္ကာလအတြင္း အစိုးရပုိင္ ခရြန္ထိုင္း ဘဏ္ထံမွ ဘတ္ေငြ ၉.၉ ဘီလီယံ လိမ္လည္ေခ်းယူခဲ့မႈနဲ႕ ဆက္စပ္ေနတယ္လို႔ ဆုိပါတယ္။

သက္ဆင္ရဲ႕သားျဖစ္သူ ပန္သြန္ေတးက ကုိယ္တုိင္လာေရာက္ အဖမ္းခံခဲ့ေပမယ့္ ဖမ္းဝရမ္းထုတ္ထားျခင္း မ႐ွိတာေၾကာင့္ ျပန္လႊတ္ေပးခဲ့တယ္လို႔ အထူးစုံစမ္းစစ္ေဆးေရး ဌာန ေျပာခြင့္ရပုဂၢဳိလ္က ေျပာပါတယ္။ ပန္သြန္ေတးအမႈနဲ႔ ပတ္သက္ၿပီး သက္ေသ အေထာက္အထား ႐ွာေဖြစုေဆာင္းၿပီး အဲဒီအမႈကို ရာဇဝတ္မႈတရား႐ုံးဆီ တင္ျပျခင္းျပဳ၊ မျပဳ ဆုံးျဖတ္သြားဖြယ္ရွိေနပါတယ္။
………………… ။ ။ ………………..

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သားကို ငွေကြေးခဝါချမှုနဲ့ စွဲချက်တင်

ထိုင်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ တစ်ဦးတည်းသော သားဖြစ်သူကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ငွေကြေးခဝါချမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

ပန်သွန်တေး ရှင်နာဝပ်ဟာ ၂၀ဝ၄ ခုနှစ်က ထိုင်းဘတ်ငွေ ၁၀ သန်းကို ဘဏ်ချက်လက်မှတ်နဲ့ လက်ခံရယူခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ အဲဒီ အမှုဟာ ၎င်းရဲ့သူ့ဖခင် သက်ဆင် ထိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့စဉ်ကာလအတွင်း အစိုးရပိုင် ခရွန်ထိုင်း ဘဏ်ထံမှ ဘတ်ငွေ ၉.၉ ဘီလီယံ လိမ်လည်ချေးယူခဲ့မှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သက်ဆင်ရဲ့သားဖြစ်သူ ပန်သွန်တေးက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပေမယ့် ဖမ်းဝရမ်းထုတ်ထားခြင်း မရှိတာကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ပန်သွန်တေးအမှုနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထား ရှာဖွေစုဆောင်းပြီး အဲဒီအမှုကို ရာဇဝတ်မှုတရားရုံးဆီ တင်ပြခြင်းပြု၊ မပြု ဆုံးဖြတ်သွားဖွယ်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)