ပါကစၥတန္ စစ္ေသြးၾကြေခါင္းေဆာင္ ေသဆံုး

0
420

ပါကစၥတန္ စစ္ေသြးၾကြေခါင္းေဆာင္တစ္ဦးဟာ အေမရိကန္ ေမာင္းသူမဲ့ေလယာဥ္နဲ႔ တုိက္ခုိက္ခ်ိန္မွာ ေသဆံုးသြားခဲ့တယ္လို႔ တာလီဘန္စစ္ေသြးၾကြအဖြဲ႔ ကေျပာပါတယ္။

အေမရိကန္ ႏုိင္ငံဟာ အာဖန္ဂန္နစၥတန္ႏုိင္ငံကို ေမာင္းသူမဲ့ေလယာဥ္ေတြနဲ႔ တုိက္ခုိက္ခဲ့ခ်ိန္မွာ တာလီဘန္ စစ္ေသြးၾကြအဖြဲ႔ရဲ႕ ပါကစၥတန္ ႏိုင္ငံသား အုိမာခါလစ္ ခုိရာဆာနီ အျပင္ အျခား စစ္ေသြးၾကြ ၉ ဦး ေသဆံုးသြားခဲ့တာျဖစ္ပါတယ္။ ခုိရာဆာနီဟာ ပါကစၥတန္ႏုိင္ငံရွိ တာလီဘန္ လက္ေအာက္ခံ စစ္ေသြးၾကြအဖြဲ ေခါင္းေဆာင္ တစ္ဦးျဖစ္ပါတယ္။

အေမရိကန္ဟာ ပါကစၥတန္နဲ႔ အာဖန္ဂန္နစၥတန္ႏုိင္ငံ နယ္စပ္ေဒသတစ္ေလွ်ာက္ကို ၿပီးခဲ့တဲ့ သီတင္းပတ္က ေမာင္းသူမဲ့ေလယာဥ္ေတြနဲ႔ တုိက္ခိုက္ခဲ့ၿပီး လူေပါင္း ၄၀ ေက်ာ္ ေသဆံုးခဲ့ပါတယ္။ ပါကစၥတန္ႏုိင္ငံရဲ႕ စစ္ေသြးၾကြေတြဟာ အာဖန္ဂန္နစၥတန္နဲ႔ ပါကစၥတန္ နယ္စပ္ေဒသေတြမွာ ပုန္းေအာင္ေနတာေၾကာင့္ ပါကစၥတန္ႏုိင္ငံကိုလည္း ေလေၾကာင္းက တုိက္ခိုက္ဖို႔ အေမရိကန္ႏုိင္ငံကို ေတာင္းဆုိမႈေတြ ရွိေနပါတယ္။
……………….. ။ ။ ………………..

ပါကစ္စတန် စစ်သွေးကြွခေါင်းဆောင် သေဆုံး

ပါကစ္စတန် စစ်သွေးကြွခေါင်း ဆောင်တစ်ဦးဟာ အမေရိကန် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ချိန်မှာ သေဆုံးသွားခဲ့တယ်လို့ တာလီဘန်စစ်သွေးကြွအဖွဲ့ ကပြောပါတယ်။

အမေရိကန် နိုင်ငံဟာ အာဖန်ဂန်နစ္စတန်နိုင်ငံကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ချိန်မှာ တာလီဘန် စစ်သွေးကြွအဖွဲ့ရဲ့ ပါကစ္စတန် နိုင်ငံသား အိုမာခါလစ် ခိုရာဆာနီ အပြင် အခြား စစ်သွေးကြွ ၉ ဦး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ခိုရာဆာနီဟာ ပါကစ္စတန်နိုင်ငံရှိ တာလီဘန် လက်အောက်ခံ စစ်သွေးကြွအဖွဲ ခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။

အမေရိကန်ဟာ ပါကစ္စတန်နဲ့ အာဖန်ဂန်နစ္စတန်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ စစ်သွေးကြွတွေဟာ အာဖန်ဂန်နစ္စတန်နဲ့ ပါကစ္စတန် နယ်စပ်ဒေသတွေမှာ ပုန်းအောင်နေတာကြောင့် ပါကစ္စတန်နိုင်ငံကိုလည်း လေကြောင်းက တိုက်ခိုက်ဖို့ အမေရိကန်နိုင်ငံကို တောင်းဆိုမှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)