ႏွစ္စဥ္ သန္းခ်ီ ေသဆံုးမႈ ေလထုညစ္ညမ္းမႈနဲ႔ ဆက္စပ္

0
429

၂၀၁၅ ခုႏွစ္အတြင္း ေသဆံုးသူ ေျခာက္ဦးလွ်င္ တစ္ဦးဟာ ေလထုညစ္ညမ္းမႈနဲ႔ ဆက္စပ္တဲ့ ေရာဂါေၾကာင့္ျဖစ္ၿပီး စစ္ပြဲ၊ သဘာဝေဘးအႏၱရာယ္၊ ငတ္မြတ္မႈေၾကာင့္ ေသတဲ့ႏႈန္းထက္ မ်ားေနတယ္လို႔ လန္ဆက္ ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပပါတယ္။

ဝင္ေငြနည္းတဲ့ ႏိုင္ငံေတြနဲ႔ ဝင္ေငြ အလယ္အလတ္ ရွိတဲ့ႏိုင္ငံေတြမွာ ေလထုညစ္ညမ္းမႈေၾကာင့္ ေသဆံုးမႈ ပိုမ်ားၿပီး ဘဂၤလားေဒ့ရွ္နဲ႔ ဆိုမာလီယာက အဆိုးဆံုး ျဖစ္ပါတယ္။ သဘာဝပတ္ဝန္းက်င္ရဲ႕ စိန္ေခၚမႈထက္ ေလထုညစ္ညမ္းမႈက ပိုႀကီးေနၿပီး လူေတြရဲ႕ က်န္းမာေရးကို အဖက္ဖက္က ဒုကၡေပးေနတယ္လို႔ ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

ေလထုညစ္ညမ္းမႈေၾကာင့္ ေသဆံုးသူ ေျခာက္ဦးမွာ တစ္ဦးႏႈန္းနဲ႔ တစ္ႏွစ္ကို လူ ကိုးသန္း ေသဆံုးေနပါတယ္။ အခု ခန္႔မွန္းတာက အနည္းဆံုး အေရအတြက္ျဖစ္ၿပီး အမွန္တကယ္မွာ ဒီ့ထက္ ပိုပါတယ္။ မွတ္ဥာဏ္ခြ်တ္ယြင္းမႈ၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္ေရာဂါနဲ႔ ေလထုညစ္ညမ္းမႈၾကား အဆက္အစပ္ကို သိပၸံပညာရွင္ေတြက ရွာေဖြေနၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှစ်စဉ် သန်းချီ သေဆုံးမှု လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်

၂၀၁၅ ခုနှစ်အတွင်း သေဆုံးသူ ခြောက်ဦးလျှင် တစ်ဦးဟာ လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါကြောင့်ဖြစ်ပြီး စစ်ပွဲ၊ သဘာဝဘေးအန္တရာယ်၊ ငတ်မွတ်မှုကြောင့် သေတဲ့နှုန်းထက် များနေတယ်လို့ လန်ဆက် ဆေးပညာဂျာနယ်မှာ ဖော်ပြပါတယ်။

ဝင်ငွေနည်းတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ် ရှိတဲ့နိုင်ငံတွေမှာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှု ပိုများပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ဆိုမာလီယာက အဆိုးဆုံး ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုထက် လေထုညစ်ညမ်းမှုက ပိုကြီးနေပြီး လူတွေရဲ့ ကျန်းမာရေးကို အဖက်ဖက်က ဒုက္ခပေးနေတယ်လို့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ ခြောက်ဦးမှာ တစ်ဦးနှုန်းနဲ့ တစ်နှစ်ကို လူ ကိုးသန်း သေဆုံးနေပါတယ်။ အခု ခန့်မှန်းတာက အနည်းဆုံး အရေအတွက်ဖြစ်ပြီး အမှန်တကယ်မှာ ဒီ့ထက် ပိုပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းမှု၊ ဆီးချို၊ ကျောက်ကပ်ရောဂါနဲ့ လေထုညစ်ညမ်းမှုကြား အဆက်အစပ်ကို သိပ္ပံပညာရှင်တွေက ရှာဖွေနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)