HIV ကို ထိန်းချုပ်နိုင်ဖို့ ကြီးမားတဲ့ရန်ပုံငွေ၊ ကျယ်ပြန်တဲ့လုပ်အားနဲ့ ဆန်းသစ်မှုတွေလိုအပ်နေ

0
336

လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ အေအိုင်ဒီအက်စ်ကို အပြီးတိုက်ဖျက်ချင်သူတွေအနေနဲ့ ဟီလာရီကလင်တန်ကို အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှု အများအပြားမြှင့်တင်ဖို့ တောင်းဆိုသင့်ကြောင်း ကိုလံဘီယာ တက္ကသိုလ်မှ ပါမောက္ခ ဂျက်ဖာရီဆက်ခ်ျက ဂျနီဗာမှာ ပြောဆိုခဲ့ပါတယ်။

14731147_10209707296791544_190928993630302183_n

ပါမောက္ခဂျက်ဖာရီက အမေရိကန်အနေနဲ့ နောက်ထပ်ရန်ပုံငွေ ဒေါ်လာ ၁၀ဘီလျံထည့်ဝင်ဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံက ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်အတွက် ရန်ပုံငွေ ၄.၃ဘီလျံထည့်ဝင်ပြီးသားဖြစ်ပါတယ်။
“ အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေမှာ ဒေါ်လာ ၅ ထရီယံကုန်ကျခံခဲ့တယ်၊ ဘာကြောင့်လဲ၊ အမေရိကန်အစိုးရက အဲဒီလိုလုပ်ဖို့ အခွန်တွေကောက်ခဲ့တယ်ဆိုတာကို လက်ခံလို့မရပါဘူး” လို့လည်း ပါမောက္ခဂျက်ဖာရီက ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

ကြီးမားတဲ့ရန်ပုံငွေအပြင် အဓိကစိန်ခေါ်မှုကြီး ၂ခုရှိနေကြောင်းလည်း ပါမောက္ခဂျက်ဖာရီက ပြောဆိုခဲ့ပါတယ်။ ယခုနှစ်ကနေ စတင်ပြီး ၂၀၃၀ပြည့်နှစ်မှာ အေအိုင်ဒီအက်စ်ကို အပြီးတိုင် တိုက်ဖျက်ဖို့ ဆေးပညာရှင်တွေက ရည်ရွယ်ထားကြတာပါ။ အဲဒီအတွက် စိန်ခေါ်မှု နှစ်ခုအနက် တစ်ခုက ကျန်းမာရေးစနစ်ကြီးကို ကျယ်ပြန့်အောင်လုပ်ဆောင်ဖို့ပါ။ အဲဒီလိုကျယ်ပြန့်အောင် ဆောင်ရွက်နိုင်မှ လက်ရှိကုထုံး antiretroviral therapy ကို သန်းနဲ့ချီတဲ့လူနာတွေဆီ အရောက်ပို့ပေးနိုင်မှာပါ။

ဒါကြောင့် သန်းနဲ့ချီတဲ့ ကျန်းမာရေးလုပ်သားတွေကို စုစည်းလေ့ကျင့်ပေးဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် အာဖရိကမှာရှိတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးတွေနဲ့ သူတို့ရဲ့အဖော်တွေကို ကြီးကြီးမားမားအာရုံမစိုက်ဘဲ နောက်ထပ်ကူးစက်မှုတွေကို ကန့်သတ်နိုင်ဖို့က မဖြစ်နိုင်သလောက် ခက်ခဲနေတယ်လို့ ပါမောက္ခဂျက်ဖာရီက ဆက်လက်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)