ၾသစေၾတးလ် ကမ္းေျခမွာ မိန္းကေလးတစ္ဦး ငါးမန္း တိုက္ခိုက္ခံရ

0
258

ၾသစေၾတးလ် အေရွ႕ေျမာက္ရွိ အပူပိုင္းကမ္းေျခတစ္ခုမွာ အသက္ ၁၂ ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ငါးမန္း တိုက္ခိုက္တာ ခံရၿပီး အခုရက္ေတြအတြင္း ဒုတိယေျမာက္ ငါးမန္းတိုက္ခိုက္ခံရမႈ ျဖစ္ပါတယ္။

ဒီေန႔ စက္တင္ဘာ ၂၀ ရက္ေန႔က ဝစ္ဆန္းေဒးကြ်န္း ဂရိတ္ ဘာရီယာ သႏၱာေက်ာက္တန္းနားမွာ မိန္းကေလးရဲ႕ ေျခေထာက္ကို ငါမန္း ကိုက္ခံရတာကို ကယ္ဆယ္ေရးသမားေတြက ေတြ႔ရွိခဲ့ၾကပါတယ္။ ငါးမန္းက မိန္းကေလးရဲ႕ ေပါင္ကို ကိုက္လိုက္တာ ျဖစ္ၿပီး ေသြးထြက္လြန္သြားတဲ့အတြက္ ေဆး႐ံုမွာ အေရးေပၚ ကုသေနရပါတယ္။

၂၀၁၇ ခုႏွစ္မွာ ၾသစေၾတးလ်ဟာ အေမရိကန္ၿပီးရင္ ငါးမန္းက လူကို တိုက္ခိုက္မႈ ဒုတိယေျမာက္ အမ်ားဆံုး ႏိုင္ငံျဖစ္တယ္လို႔ ဖေလာ္ရီဒါ တကၠသိုလ္ရဲ႕ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျ ကမ်းခြေမှာ မိန်းကလေးတစ်ဦး ငါးမန်း တိုက်ခိုက်ခံရ

သြစတြေးလျ အရှေ့မြောက်ရှိ အပူပိုင်းကမ်းခြေတစ်ခုမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ငါးမန်း တိုက်ခိုက်တာ ခံရပြီး အခုရက်တွေအတွင်း ဒုတိယမြောက် ငါးမန်းတိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့က ဝစ်ဆန်းဒေးကျွန်း ဂရိတ် ဘာရီယာ သန္တာကျောက်တန်းနားမှာ မိန်းကလေးရဲ့ ခြေထောက်ကို ငါမန်း ကိုက်ခံရတာကို ကယ်ဆယ်ရေးသမားတွေက တွေ့ရှိခဲ့ကြပါတယ်။ ငါးမန်းက မိန်းကလေးရဲ့ ပေါင်ကို ကိုက်လိုက်တာ ဖြစ်ပြီး သွေးထွက်လွန်သွားတဲ့အတွက် ဆေးရုံမှာ အရေးပေါ် ကုသနေရပါတယ်။

၂၀၁၇ ခုနှစ်မှာ သြစတြေးလျဟာ အမေရိကန်ပြီးရင် ငါးမန်းက လူကို တိုက်ခိုက်မှု ဒုတိယမြောက် အများဆုံး နိုင်ငံဖြစ်တယ်လို့ ဖလော်ရီဒါ တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)