
0
213




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနဲ့ တွေဆုံဖို့ အဆင်သင့်ရှိတယ်လို့ အမေရိကန် ပြော

အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ထပ်မံတွေဆုံဖို့ အဆင်သင့်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်က ဒုံးကျည်ဆိုင်ရာ အဆောက်အဦး ဖျက်သိမ်းဖို့နဲ့ နျူကလီယား အဆောက်အဦးတွေ ဖျက်သိမ်းဖို့ လိုလားနေတယ်လို့ ပြောခဲ့ပြီးနောက် အမေရိကန်ဘက်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ လာမယ့် သီတင်းပတ်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ နျူကလီယား အလုံးစုံ ဖျက်သိမ်းဖို့ ရည်ရွယ်ကာ ဆွေးနွေးမှုတွေ လုပ်မှာဖြစ်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်က အမေရိကန်နိုင်ငံဟာ သဘောတူညီထားတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် နျူကလီယား ဖျက်သိမ်းဖို့ လိုလားတယ်လို့ တောင်ကိုရီယားသမ္မတနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)