ေလယာဥ္ပ်ံသန္းစဥ္ လက္ထပ္ခြင့္ ေတာင္းခံခဲ့ရတဲ့ ေလယာဥ္မယ္ အလုပ္ျပဳတ္

0
197

လက္ထပ္ခြင့္ ေတာင္းခံရတာဟာ ၾကည္ႏူးစရာ ျဖစ္ေပမယ့္ တ႐ုတ္ ေလေၾကာင္းတစ္ခုက ေလယာဥ္မယ္ အတြက္ကေတာ့ အလုပ္ျပဳတ္ရတဲ့ အေၾကာင္းအရင္း ျဖစ္ခဲ့ရပါတယ္။

အမည္ေဖာ္ျပျခင္း မရွိတဲ့ တ႐ုတ္ အေရွ႕ပိုင္းက ေလေၾကာင္းလိုင္း တစ္ခုက ေလယာဥ္မယ္ကို ေလယာဥ္ ပ်ံသန္းေနစဥ္ သူ႔ရည္းစားက လက္ထပ္ခြင့္ ေတာင္းခဲ့ပါတယ္။ လက္ထပ္ခြင့္ေတာင္းတဲ့ ဗီဒီယိုဟာ လူမႈကြန္ရက္ေတြေပၚမွာလည္း တက္ခဲ့ပါတယ္။ ေလယာဥ္မယ္က ေလယာဥ္ စကားေျပာစက္ကေန လက္ခုပ္တီးၾကတဲ့ ခရီးသည္ေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ဆက္တြဲအေနနဲ႔ ေလေၾကာင္းလိုင္းက ေလယာဥ္မယ္ကို အလုပ္ထုတ္လိုက္ေၾကာင္း အေၾကာင္းၾကားစာ ပို႔လိုက္လို႔ အင္တာနက္ေပၚမွာ ဝိုင္းဝန္း ေဝဖန္မႈေတြလည္း ထြက္ေပၚလာပါတယ္။ အလုပ္ထုတ္ရတဲ့ အေၾကာင္းရင္းကေတာ့ ေလယာဥ္ ပ်ံသန္းေနစဥ္ အခုလို ျပဳမႈတာဟာ အေႏွာက္အယွက္ ျဖစ္ေစေၾကာင္း၊ အဲဒီလို အေႏွာက္အယွက္ ျဖစ္ေစတာက ခရီးသည္ေတြရဲ႕ လံုၿခံဳေရးကို အႏၱရာယ္ ေပးႏိုင္ေၾကာင္း ေလေၾကာင္းလိုင္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လေယာဉ်ပျံသန်းစဉ် လက်ထပ်ခွင့် တောင်းခံရတဲ့ လေယာဉ်မယ် အလုပ်ပြုတ်

လက်ထပ်ခွင့် တောင်းခံရတာဟာ ကြည်နူးစရာ ဖြစ်ပေမယ့် တရုတ် လေကြောင်းတစ်ခုက လေယာဉ်မယ် အတွက်ကတော့ အလုပ်ပြုတ်ရတဲ့ အကြောင်းအရင်း ဖြစ်ခဲ့ရပါတယ်။

အမည်ဖော်ပြခြင်း မရှိတဲ့ တရုတ် အရှေ့ပိုင်းက လေကြောင်းလိုင်း တစ်ခုက လေယာဉ်မယ်ကို လေယာဉ် ပျံသန်းနေစဉ် သူ့ရည်းစားက လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာလည်း တက်ခဲ့ပါတယ်။ လေယာဉ်မယ်က လေယာဉ် စကားပြောစက်ကနေ လက်ခုပ်တီးကြတဲ့ ခရီးသည်တွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆက်တွဲအနေနဲ့ လေကြောင်းလိုင်းက လေယာဉ်မယ်ကို အလုပ်ထုတ်လိုက်ကြောင်း အကြောင်းကြားစာ ပို့လိုက်လို့ အင်တာနက်ပေါ်မှာ ဝိုင်းဝန်း ဝေဖန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ အလုပ်ထုတ်ရတဲ့ အကြောင်းရင်းကတော့ လေယာဉ် ပျံသန်းနေစဉ် အခုလို ပြုမှုတာဟာ အနှောက်အယှက် ဖြစ်စေကြောင်း၊ အဲဒီလို အနှောက်အယှက် ဖြစ်စေတာက ခရီးသည်တွေရဲ့ လုံခြုံရေးကို အန္တရာယ် ပေးနိုင်ကြောင်း လေကြောင်းလိုင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)