ေျမာက္ကိုရီးယား အလုပ္သမားေတြကို ကာတာနဲ႔ ကူဝိတ္တုိ႔ ဗီဇာ မေပး

0
275

 

ကာတာနဲ႔ ကူဝိတ္ ႏိုင္ငံဟာ ေျမာက္ကိုရီးယား အလုပ္သမားေတြကို ဗီဇာထပ္မံ တိုးမေပးဖို႔ သေဘာတူညီခဲ့ပါတယ္။

ကာတာအစိုးရက ႏုိင္ငံထဲမွာ ေျမာက္ကိုရီးယား အလုပ္သမား ၁ ေထာင္နီးပါး ရွိေနၿပီး သူတို႔ကို သက္တမ္းကုန္ဆံုးခ်ိန္မွာ ဗီဇာ တိုးမေပးဖုိ႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံက ဒံုးက်ည္နဲ႔ႏ်ဴကလီယား အစီစဥ္ေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢက ပိတ္ဆို႔မႈအသစ္ေတြ ခ်မွတ္ဖို႔ ဆံုးျဖတ္ၿပီးေနာက္ ကာတာနဲ႔ ကူဝိတ္ႏုိင္ငံတုိ႔က  ေျမာက္ကိုရီးယားအလုပ္သမားေတြကို  ဗီဇာ ထုတ္မေပးဖုိ႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

ကာတာႏိုင္ငံက ၂၀၂၂ ခုႏွစ္ ကမာၻဖလားၿပိဳင္ပြဲအတြက္ အားကစားကြင္းတည္ေဆာက္မႈ လုပ္ငန္းေတြမွာ ေျမာက္ကိုရီးယား ႏုိင္ငံသားေတြကို အသံုးျပဳမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ျပည္ပႏုိင္ငံေတြမွာ အလုပ္လုပ္ေနတဲ့ ေျမာက္ကိုရီးယား ႏုိင္ငံသားေတြဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ အတြက္ ဝင္ေငြရေစတဲ့ အဓိက  လမ္းေၾကာင္းအျဖစ္ သံုးသပ္မႈေတြရွိေနတယ္။

ကူဝိတ္ႏုိင္ငံက ေျမာက္ကိုရီးယား သံအမတ္ႀကီးနဲ႔ အလုပ္သမားေတြကို ႏုိင္ငံကေန ႏွင္ထုတ္ခဲ့ၿပီးေနာက္ ကာတာႏုိင္ငံက ေျမာက္ကိုရီးယား အလုပ္သမားေတြကို ဗီဇာ တိုးမေပးဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္၊

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား အလုပ်သမားတွေကို ကာတာနဲ့ ကူဝိတ်တို့ ဗီဇာ မပေး

ကာတာနဲ့ ကူဝိတ် နိုင်ငံဟာ မြောက်ကိုရီးယား အလုပ်သမားတွေကို ဗီဇာထပ်မံ တိုးမပေးဖို့ သဘောတူညီခဲ့ပါတယ်။

ကာတာအစိုးရက နိုင်ငံထဲမှာ မြောက်ကိုရီးယား အလုပ်သမား ၁ ထောင်နီးပါး ရှိနေပြီး သူတို့ကို သက်တမ်းကုန်ဆုံးချိန်မှာ ဗီဇာ တိုးမပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်နဲ့နျူကလီယား အစီစဉ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ ဆုံးဖြတ်ပြီးနောက် ကာတာနဲ့ ကူဝိတ်နိုင်ငံတို့က မြောက်ကိုရီးယားအလုပ်သမားတွေကို ဗီဇာ ထုတ်မပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကာတာနိုင်ငံက ၂၀၂၂ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲအတွက် အားကစားကွင်းတည်ဆောက်မှု လုပ်ငန်းတွေမှာ မြောက်ကိုရီးယား နိုင်ငံသားတွေကို အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် အတွက် ဝင်ငွေရစေတဲ့ အဓိက လမ်းကြောင်းအဖြစ် သုံးသပ်မှုတွေရှိနေတယ်။

ကူဝိတ်နိုင်ငံက မြောက်ကိုရီးယား သံအမတ်ကြီးနဲ့ အလုပ်သမားတွေကို နိုင်ငံကနေ နှင်ထုတ်ခဲ့ပြီးနောက် ကာတာနိုင်ငံက မြောက်ကိုရီးယား အလုပ်သမားတွေကို ဗီဇာ တိုးမပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)