
0
278






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် သမ္မတရဲ့ မိန့်ခွန်းကို ကမ္ဘာ့နိုင်ငံတွေ ဝေဖန်
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိန်ခွန်းအပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက ပြင်းထန်စွာ ဝေဖန်မှုနေကြပါတယ်။

သမ္မတ ထရမ့်ဟာ ကုလသမဂ္ဂ ညီလာခံမှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောတာဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံဟာ နျူလီယားနဲ့ ဒုံးကျည်ကို ဆက်လုပ်နေမယ်ဆိုရင် ဖျက်ဆီးပစ်လို့ ပြောခဲ့တဲ့အပြင် ရိုးသားမှုမရှိတဲ့ နိုင်ငံတွေထဲမှာ အီရန်နိုင်ငံ ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်ကို တုံ့ပြန်တာ မရှိသေးပါဘူး၊ အီရန်နိုင်ငံကတော့ ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းဟာ အမုန်းတရားတွေဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ဒါ့အပြင် ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးကလည်း ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းဟာ မှားယွင်းတဲ့ မိန့်ခွန်းတစ်ခုဖြစ်ပြီး ပြောဆိုရမယ့်အချိန် မှားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီးကလည်း ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာရဲ့သမ္မတ မဟုတ်ဘဲ အမေရိကန်နိုင်ငံရဲ့ သမ္မတသာဖြစ်ပြီး ထရမ့်ရဲ့ မိန့်ခွန်းအတိုင်း လက်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)