ေျမာက္ကိုရီးယားနဲ႔ ႏ်ဴကလီယား စစ္ျဖစ္မွာ ကမာၻ႔ျပည္သူေတြ စိုးရိမ္ေန

0
284

သန္းေထာင္ခ်ီတဲ့ ကမာၻ႔ျပည္သူေတြဟာ ေျမာက္ကိုရီးယားနဲ႔ ႏ်ဴကလီယား စစ္ပြဲျဖစ္မွာကို စိုးရိမ္မႈေတြ ျမင့္တက္ေနတယ္လို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္ဇ္က ေျပာပါတယ္။

ဂူတာရက္ဇ္ဟာ ကုလသမဂၢ ညီလာခံမွာ အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။ ႏ်ဴကလီယားကို လက္နက္သဖြယ္ အသံုးျပဳဖုိ႔ မစဥ္းစားသင့္ဘူး၊ စစ္ေအးေခတ္ၿပီးဆံုးခ်ိန္ ေနာက္ပိုင္းတည္းက ႏ်ဴကလီယား လက္နက္ အျငင္းပြားမႈဟာ  အျမင့္ဆံုးအေျခေနမ်ိဳးမွာ ရွိေနတယ္လို႔     ဂူတာရက္ဇ္ က ေျပာပါတယ္။

ဂူတာရက္ဇ္က ေျမာက္ကိုရီးယားအေရးနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေရးနည္းလမ္းနဲ႔ အေျဖရွာဖို႔နဲ႔ ေဆြးေႏြးမႈေတြ လုုပ္ေဆာင္ဖုိ႔ တုိက္တြန္းလိုက္ပါတယ္။ အခုအခ်ိန္ဟာ အရည္အခ်င္းရွိတဲ့ သံတမန္  နည္းလမ္းနဲ႔ ေျဖရွင္းရမွာ ျဖစ္သလို စစ္ပြဲမျဖစ္ေအာင္ လုပ္ေဆာင္သြားရမယ္လုိ႔ ဂူတာရက္ဇ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနဲ့ နျူကလီယား စစ်ဖြစ်မှာ ကမ္ဘာ့ပြည်သူတွေ စိုးရိမ်နေ

သန်းထောင်ချီတဲ့ ကမ္ဘာ့ပြည်သူတွေဟာ မြောက်ကိုရီးယားနဲ့ နျူကလီယား စစ်ပွဲဖြစ်မှာကို စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ပြောပါတယ်။

ဂူတာရက်ဇ်ဟာ ကုလသမဂ္ဂ ညီလာခံမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ နျူကလီယားကို လက်နက်သဖွယ် အသုံးပြုဖို့ မစဉ်းစားသင့်ဘူး၊ စစ်အေးခေတ်ပြီးဆုံးချိန် နောက်ပိုင်းတည်းက နျူကလီယား လက်နက် အငြင်းပွားမှုဟာ အမြင့်ဆုံးအခြေနေမျိုးမှာ ရှိနေတယ်လို့ ဂူတာရက်ဇ် က ပြောပါတယ်။

ဂူတာရက်ဇ်က မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အခုအချိန်ဟာ အရည်အချင်းရှိတဲ့ သံတမန် နည်းလမ်းနဲ့ ဖြေရှင်းရမှာ ဖြစ်သလို စစ်ပွဲမဖြစ်အောင် လုပ်ဆောင်သွားရမယ်လို့ ဂူတာရက်ဇ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)