ရဲ ကားကို မီးရွိဳ႔ဆႏၵျပခဲ့တဲ့တက္ၾကြလႈပ္ရွားသူ ၈ ဦးကို ရံုးတင္စစ္ေဆး

0
274

ျပင္သစ္ႏိုင္ငံ ပဲရစ္ျမိဳ႔မွာ တက္ၾကြလႈပ္ရွားသူ ၈ ဦးကုိ ရံုးတင္စစ္ေဆးတဲ့ ေန႔ စက္တင္ဘာလ  ၁၉ ရက္ေန႔မွာ တရားရံုး အတြင္း မွာ ထပ္မံ ဆႏၵျပမႈေတြျဖစ္ေပၚခဲ့ပါတယ္။

သူတို႔ကို ေထာက္ခံေပးသူ လူေပါင္းရာေက်ာ္ဟာလြတ္လပ္ခြင့္ရရွိေရးလုိ႔ေအာ္ဟစ္ဆႏၵျပခဲ့ၾက တာပါ။

ရံုးတင္စစ္ေဆးခံရသူ ၈ ဦးဟာ ၂၀၁၆ ခုႏွစ္ ေမလ ၁၈ ရက္ေန႔က အလုပ္သမားဆုိင္ရာ ျပဳျပင္ေျပာင္း လဲမႈ ေတြရဲ့ ဆႏၵျပမႈအတြင္း ရဲအရာရွိ ၂ ေယာက္ကို တိုက္ခိုက္ခဲ့ၾကတဲ့အတြက္ေၾကာင့္ အခုလို တရား စြဲ ဆို ထားခဲ့တာပဲ ျဖစ္ပါတယ္။

အဲ့ဒီအမႈနဲ႔ ပတ္သတ္လို႔ ၃ ဦးက ျပဳလုပ္ေၾကာင္း ၀န္ခံထားၿပီး က်န္၅ ဦးကေတာ့ ျငင္းပယ္ ထားပါ တယ္။အဲ့ဒီအျပင္ ကားကို မီးေလာင္ေစဖို႔ ၾကိဳးစားခဲ့တဲ့ ေနာက္ထပ္အသက္ ၂၈ ႏွစ္အရြယ္  ၉ ေယာက္ေျမာက္ ဆႏၵျပသူကိုေတာ့ ဖမ္း၀ရမ္းထုတ္ထားခဲ့တာျဖစ္ပါတယ္။   

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဲ ကားကို မီးရှို့ဆန္ဒပြခဲ့တဲ့တက်ကြွလှုပ်ရှားသူ ၈ ဦးကို ရုံးတင်စစ်ဆေး

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တက်ကြွလှုပ်ရှားသူ ၈ ဦးကို ရုံးတင်စစ်ဆေးတဲ့ နေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ တရားရုံး အတွင်း မှာ ထပ်မံ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
သူတို့ကို ထောက်ခံပေးသူ လူပေါင်းရာကျော်ဟာလွတ်လပ်ခွင့်ရရှိရေးလို့အော်ဟစ်ဆန္ဒပြခဲ့ကြ တာပါ။
ရုံးတင်စစ်ဆေးခံရသူ ၈ ဦးဟာ ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်နေ့က အလုပ်သမားဆိုင်ရာ ပြုပြင်ပြောင်း လဲမှု တွေရဲ့ ဆန္ဒပြမှုအတွင်း ရဲအရာရှိ ၂ ယောက်ကို တိုက်ခိုက်ခဲ့ကြတဲ့အတွက်ကြောင့် အခုလို တရား စွဲ ဆို ထားခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီအမှုနဲ့ ပတ်သတ်လို့ ၃ ဦးက ပြုလုပ်ကြောင်း ဝန်ခံထားပြီး ကျန်၅ ဦးကတော့ ငြင်းပယ် ထားပါ တယ်။အဲ့ဒီအပြင် ကားကို မီးလောင်စေဖို့ ကြိုးစားခဲ့တဲ့ နောက်ထပ်အသက် ၂၈ နှစ်အရွယ် ၉ ယောက်မြောက် ဆန္ဒပြသူကိုတော့ ဖမ်းဝရမ်းထုတ်ထားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)