ပရာယွတ် အစိုးရ နုတ်ထွက်ပေးဖို့ ထိုင်းဆန္ဒပြသူတွေ တောင်းဆို

0
149

ပရာယွတ် ချန်အိုချာ အစိုးရ နုတ်ထွက်ပေးဖို့နဲ့ ပါလီမန်ကို ဖျက်သိမ်းပေးဖို့ သောင်းနဲ့ချီတဲ့ ထိုင်းဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၁၈ ရက်နေ့ညက တောင်းဆိုခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေး မလုပ်ရဆိုတဲ့ အမိန့်ကို ဖီဆန်ပြီး ပြုလုပ်တဲ့ စုဝေးဆန္ဒပြပွဲဟာ ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး လမ်းပေါ်ထွက် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်တာဖြစ်ပြီး အချက်သုံးချက် တောင်းဆိုထားပါတယ်။ အဲဒါတွေကတော့ ပါလီမန်ကို ဖျက်သိမ်းဖို့၊ အစိုးရကို ဝေဖန်တဲ့အပေါ် ဖိနှိပ်မှုတွေကို အဆုံးသတ်ဖို့၊ စစ်တပ်က ပြန်ပြင်ရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့တို့ ဖြစ်ပါတယ်။

ဒီမိုကရေစီကင်းမဲ့တဲ့ ဒီလိုအခြေအနေနဲ့ ဘယ်လို အဆင်ပြေနိုင်မှာလဲလို့ တက်ကြွလှုပ်ရှားတဲ့ ကျောင်းသား တပ်တက် ရွန်ပရာပိုင်ကစ်က ပြောပါတယ်။


_________________

_________________


ပရာယွတ် ချန်အိုချာ အစိုးရ နုတ်ထွက်ပေးဖို့နဲ့ ပါလီမန်ကို ဖျက်သိမ်းပေးဖို့ သောင်းနဲ့ချီတဲ့ ထိုင်းဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၁၈ ရက်နေ့ညက တောင်းဆိုခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေး မလုပ်ရဆိုတဲ့ အမိန့်ကို ဖီဆန်ပြီး ပြုလုပ်တဲ့ စုဝေးဆန္ဒပြပွဲဟာ ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး လမ်းပေါ်ထွက် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်တာဖြစ်ပြီး အချက်သုံးချက် တောင်းဆိုထားပါတယ်။ အဲဒါတွေကတော့ ပါလီမန်ကို ဖျက်သိမ်းဖို့၊ အစိုးရကို ဝေဖန်တဲ့အပေါ် ဖိနှိပ်မှုတွေကို အဆုံးသတ်ဖို့၊ စစ်တပ်က ပြန်ပြင်ရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့တို့ ဖြစ်ပါတယ်။

ဒီမိုကရေစီကင်းမဲ့တဲ့ ဒီလိုအခြေအနေနဲ့ ဘယ်လို အဆင်ပြေနိုင်မှာလဲလို့ တက်ကြွလှုပ်ရှားတဲ့ ကျောင်းသား တပ်တက် ရွန်ပရာပိုင်ကစ်က ပြောပါတယ်။ ထိုင်းရဲတွေက အသင့်အနေအထားရှိပေမယ့် ဆန္ဒပြသူတွေကို တားဆီးခြင်းတော့ မရှိပါဘူး။ ဆန္ဒပြပွဲကို ကျောင်းသားအုပ်စုတွေနဲ့ စတင်ခဲ့တာဖြစ်ပေမယ့် မကြာခင် လူရာပေါင်းများစွာ လာရောက် ပူးပေါင်းခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ညသန်းခေါင်အထိ ပြုလုပ်ခဲ့ပြီး ဆန္ဒပြခေါင်းဆောင်တွေက သူတို့ တောင်းဆိုတာတွေကို မဖြည့်ဆည်းပေးဘူးဆိုရင် နောက် သီတင်း နှစ်ပတ်အကြာမှာ ထပ်မံ ဆန္ဒပြမယ်လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)