နယ်စပ် ပဋိပက္ခမှာ နာကျင်၊ ဒေါသ ထွက်နေတယ်လို့ အိန္ဒိယခေါင်းဆောင်က တရုတ်ကို သတိပေး

0
751

အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးတဲ့ အိန္ဒိယ-တရုတ်နယ်စပ် ပဋိပက္ခဖြစ်ပွားမှုမှာ အိန္ဒိယနိုင်ငံဟာ နာကျင်၊ ဒေါသထွက်နေရတယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီက တရုတ်နိုင်ငံကို သတိပေးလိုက်ပါတယ်။

ဒါ့အပြင် နောက်ထပ် ပဋိပက္ခတွေ ဖြစ်လာရင် တုံ့ပြန်ဖို့ စစ်တပ်ကို လုပ်ပိုင်ခွင့် ပေးလိုက်လိုက်ကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ်က သတိပေးထားပါတယ်။

ဟိမဝန္တာနယ်ခြားဒေသမှာ အခုသီတင်းပတ် အစောတန်းက အိန္ဒိယနဲ့ တရုတ်တပ်တွေ ရင်ဆိုင်ပဋိပက္ခဖြစ်ကြပြီး တရုတ်စစ်တပ်က သံချောင်းတပ် တုတ်တွေ၊ သံဆူးကြိုးတပ် တုတ်တွေနဲ့ ရိုက်နှက်ခဲ့လို့ အိန္ဒိယ စစ်သည်တွေ သေဆုံးခဲ့တာပါ။

လာဒက်ဒေသ၊ ဂယ်လ်ဝန်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ တရုတ်စစ်တပ်က အိန္ဒိယ ဗိုလ်မှူး နှစ်ဦး အပါအဝင် ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ အိန္ဒိယစစ်သည် ၁၀ ဦး ပြန်လွှတ်လာပြီးနောက် ဝန်ကြီးချုပ် မိုဒီဟာ အတိုက်အခံပါတီ ခေါင်းဆောင်တွေနဲ့ ရှားရှားပါးပါး အစည်းအဝေး လုပ်ခဲ့ပါတယ်။

အိနျဒိယမှာ တရုတနြိုငငြံထုတြ ပဈစညြးတှကေို သပိတမြှောကဖြို့နဲ့ သဆေုံးသှားတဲ့ စဈသညတြှကေို အမှင့ဆြုံး ဂုဏပြှု သငြျဂှိုဟြ အခမြးအနားလုပဖြို့ တောငြးဆိုနကှပေါတယြ။

__________________

Demonstrators shout slogans as they burn an effigy depicting Chinese President Xi Jinping during a protest against China, in Kolkata, India, June 18, 2020. REUTERS/Rupak De Chowdhuri

__________________

နယျစပျ ပဋိပက်ခမှာ နာကငြျ၊ ဒေါသ ထှကျနတေယျလို့ အိန်ဒိယခေါငျးဆောငျက တရုတျကို သတိပေး

အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးတဲ့ အိန္ဒိယ-တရုတ်နယ်စပ် ပဋိပက္ခဖြစ်ပွားမှုမှာ အိန္ဒိယနိုင်ငံဟာ နာကျင်၊ ဒေါသထွက်နေရတယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီက တရုတ်နိုင်ငံကို သတိပေးလိုက်ပါတယ်။

ဒါ့အပြင် နောက်ထပ် ပဋိပက္ခတွေ ဖြစ်လာရင် တုံ့ပြန်ဖို့ စစ်တပ်ကို လုပ်ပိုင်ခွင့် ပေးလိုက်လိုက်ကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ်က သတိပေးထားပါတယ်။

ဟိမဝန္တာနယ်ခြားဒေသမှာ အခုသီတင်းပတ် အစောတန်းက အိန္ဒိယနဲ့ တရုတ်တပ်တွေ ရင်ဆိုင်ပဋိပက္ခဖြစ်ကြပြီး တရုတ်စစ်တပ်က သံချောင်းတပ် တုတ်တွေ၊ သံဆူးကြိုးတပ် တုတ်တွေနဲ့ ရိုက်နှက်ခဲ့လို့ အိန္ဒိယ စစ်သည်တွေ သေဆုံးခဲ့တာပါ။

လာဒက်ဒေသ၊ ဂယ်လ်ဝန်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ တရုတ်စစ်တပ်က အိန္ဒိယ ဗိုလ်မှူး နှစ်ဦး အပါအဝင် ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ အိန္ဒိယစစ်သည် ၁၀ ဦး ပြန်လွှတ်လာပြီးနောက် ဝန်ကြီးချုပ် မိုဒီဟာ အတိုက်အခံပါတီ ခေါင်းဆောင်တွေနဲ့ ရှားရှားပါးပါး အစည်းအဝေး လုပ်ခဲ့ပါတယ်။

အိန္ဒိယမှာ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေကို သပိတ်မှောက်ဖို့နဲ့ သေဆုံးသွားတဲ့ စစ်သည်တွေကို အမြင့်ဆုံး ဂုဏ်ပြု သြင်္ဂိုဟ် အခမ်းအနားလုပ်ဖို့ တောင်းဆိုနေကြပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)