ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆက်အရှိန်မြင့်နေတယ်လို့ WHO သတိပေး
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ဆက်လက် အရှိန်မြင့်နေပြီး နောက်ထပ်အသစ်နဲ့ အန္တရာယ်ကြီးတဲ့အဆင့်ကို ရောက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
ဇွန်လ ၁၈ ရက်နေ့က ကမ္ဘာမှာ COVID-19 ရောဂါ ကူးစက်သူ ၁ သိန်းခွဲ ရှိပြီး တစ်ရက်တည်းမှာ အများဆုံး ဖြစ်တယ်လို့ WHO အကြီးအကဲ တက်ဒရိုစ် အက်ဒါနွန် ဂေဘရီယက်ဆက်စ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ရောဂါ ကူးစက်မှု ထက်ဝက်ဟာ အမေရိက က ဖြစ်ပြီး နောက်ထပ် အများဆုံးက တောင်အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသတို့ ဖြစ်ပါတယ်။
နေအိမ်ကနေ မထွက်ခွာတဲ့ နေရာတွေအပါအဝင် ကမ္ဘာဟာ နောက်ထပ်အသစ်နဲ့ အန္တရာယ်ရှိတဲ့အဆင့်ကို အခု ဝင်ရောက်နေပြီးလို့ ဒေါက်တာ တက်ဒရိုက သတိပေးပါတယ်။
နိုင်ငံတွေက လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးတွေကို ဖွင့်ပေးဖို့ စိတ်အားထက်သန်နေတာ နားလည်ပါကြောင်း၊ ဒါပေမယ့် ဗိုင်းရပ်စ်ဟာ အမြန်ဆုံး ပြန့်နှံ့နေဆဲဖြစ်ပြီး လူတွေ သေဆုံးဆဲ၊ သံသယလူနာတွေ များပြားဆဲ ဖြစ်လို့ ဒေါက်တာ တက်ဒရိုက ပြောပါတယ်။
_________________