စင်ကာပူမှာ မူးယစ်ဆေးရောင်းဝယ်သူကို Zoom ဗီဒီယို call ကနေတစ်ဆင့် သေဒဏ် အမိန့်ချမှတ်

0
467

စင်ကာပူနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကြောင့် တရားသူကြီးက Zoom ဗီဒီယို call ကနေတစ်ဆင့် သေဒဏ်အမိန့်ချမှတ်လိုက်ပြီး စင်ကာပူမှာ တရားသူကြီးက အဝေးကနေ ပထမဆုံး သေဒဏ် ချမှတ်မှု ဖြစ်ပါတယ်။

မလေးရှားနိုင်ငံသား ပူနီသန် ဂေနာဆန် (၃၇ နှစ်) ဟာ ၂၀၁၁ ခုနှစ်တုန်းက ဟီရိုအင်း ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်ခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အာရှမှာ အမြင့်ဆုံးနိုင်ငံထဲက တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်း lockdown ချထားပါတယ်။
အမှုနဲ့ ဆက်စပ်တဲ့သူတွေအားလုံး လုံခြုံစိတ်ချရရေးအတွက် အစိုးရဆွဲချရှေ့နေနဲ့ ပူနီသန် အမှုကို ကြားနာရာမှာ ဗီဒီယို ကွန်ဖရင့်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း၊ သေဒဏ်စီရင်မှုကို အဝေးရောက်အနေနဲ့ အမိန့်ချမှတ်တာဟာလည်း စင်ကာပူမှာ ပထမဆုံးဖြစ်ကြောင်း စင်ကာပူ ဗဟိုတရားရုံး ပြောခွင့်ရသူက ပြောပါတယ်။

ပူနီသန်ရဲ့ ရှေ့နေ ပီတာ ဖာနန်ဒိုကလည်း သူ့အမှုသည်ဟာ တရားသူကြီးရဲ့ အမိန့်ချမှတ်မှုကို Zoom call က တစ်ဆင့် နားထောင်ခဲ့ရကြောင်း၊ အယူခံဝင်ဖို့ စဉ်းစားထားကြောင်း ပြောပါတယ်။

________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)