COVID-19 သတင်းမှားတွေ Twitter မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေ

0
447

“ပြင်သစ် ကြေးစား နပမ်းသမား”၊ “အီတလီ လက်ယာယိမ်း နိုင်ငံရေးသမား”၊ “ရွှေ့ပြောင်းဝင်ရောက်သူများ ဆန့်ကျင်ရေး ဂျာမန် မဂ္ဂဇင်း” ဆိုတာတွေကတော့ Twitter လူမှုကွန်ရက်မှာ follower တွေ အမြောက်အမြား ရှိတဲ့ account တွေ ဖြစ်ပါတယ်။

ဒီ account တွေဟာ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်လို့ သတင်းတုတွေ၊ အလိမ်အညာတွေကို ဒိုင်ခံမျှဝေနေတဲ့ account တွေလည်း ဖြစ်တယ်လို့ သတင်းမှား ခြေရာခံ လေ့လာဆန်းစစ်ရေး ကုမ္ပဏီဖြစ်တဲ့ NewsGuard ရဲ့ ဒီနေ့ မေလ ၂၀ ရက်နေ့ သုတေသန လေ့လာချက်က ဖော်ပြပါတယ်။

ဂျာမနီ၊ ပြင်သစ်၊ အီတလီနိုင်ငံတို့တလွှား follower ၆ သိန်းရှိတဲ့ အမည်ပေါက် နောက်ဆက်တွဲပါ Twitter handle ၁၆ ခု တွေ့ရပြီး တချို့ဟာ Twitter က စိစစ်ပြီးသား ဖြစ်တယ်လို့ NewsGuard က ပြောပါတယ်။ အဲဒီ account တွေဟာ ပူးပေါင်းလိမ်ညာမှုတွေကို ဖြန့်တာ၊ ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ ကုသမှု အတုတွေ၊ တခြား သတင်းမှားလင့်ခ်တွေ ဖြန့်တာ လုပ်ဆောင်နေကြပါတယ်။

အလားတူ ကိုရိုနာဗိုင်းရပ်စ် သတင်းမှားတွေ ဖြန့်နေပြီး follower အများကြီးရှိတဲ့ Twitter user တွေကိုလည်း အမေရိကန် ပြည်ထောင်စုမှာ တွေ့ရတယ်လို့ NewsGuard က ပြောပါတယ်။

ကမ္ဘာမှာ လူဦးရေ ၃ သိန်း ၂ သောင်းကျော် သေဆုံးပြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်လို့ သတင်းမှားလှိုင်းတွေကို စိစစ်ဖို့ အခု ဥရောပ သုံးနိုင်ငံ လေ့လာလျက်က Twitter အပြင် တခြား အွန်လိုင်း ပလက်ဖောင်းတွေဖြစ်တဲ့ Facebook နဲ့ Google ရဲ့ YouTube တို့ကို တပ်လှန့်လိုက်တာ ဖြစ်ပါတယ်။

ဒီနည်းပညာ ကုမ္ပဏီတွေက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သတင်းတုတွေ ရပ်တန့်ရေး ပိုမိုလုပ်ဆောင်နေပေမယ့်လည်း သတင်းတု၊ သတင်းမှားတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

_______________

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)