ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ကမ္ဘာမှာ ကာဘွန် ထုတ်လွှတ်မှု ၁၇ ရာခိုင်နှုန်း လျော့ကျ

0
207

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှားက နိုင်ငံတွေမှာ lockdown လုပ်တာ၊ နယ်စပ်တွေကို ပိတ်တာ၊ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရပါတယ်။ ကမ္ဘာတလွှား နေ့စဉ် ကာဘွန် ထုတ်လွှတ်မှုဟာ ၂၀၁၉ ခုနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် အခု ဧပြီလမှာ ၁၇ ရာခိုင်နှုန်း ကျသွားတယ်လို့ မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ လေ့လာမှု စစ်တမ်းက ဖော်ပြပါတယ်။

ကမ္ဘာတလွှား အခုလို ကာဘွန် ထုတ်လွှတ်မှု ကျဆင်းခြင်းဟာ သမိုင်းဝင် စံချိန်တင် အမြင့်ဆုံးဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဧပြီလ အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်နေချိန်မှာ နေ့စဉ် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် အကြမ်းဖျဉ်းအားဖြင့် ၁၈ ဒသမ ၇ သန်းတန် ကျဆင်းသွားပါတယ်။ အဲဒီ ကျဆင်းမှုဟာ ၂၀၀၆ ခုနှစ်တုန်းက နောက်ဆုံး စောင့်ကြည့်ခဲ့တဲ့ အဆင့်ကို ကျဆင်းခဲ့တာ ဖြစ်တယ်လို့ Nature Climate Change ဂျာနယ်မှာ ဖော်ပြထားပါတယ်။

“တစ်ကမ္ဘာလုံးမှာ ဒီလိုကျဆင်းတာမျိုး မမြင်ဖူးပါဘူး၊ နှစ်စဉ်အရဆိုရင် အခုလို ကာဘွန် ထုတ်လွှတ်မှု ကျဆင်းတာမျိုးကို မြင်ရဖို့ဆိုရင် ဒုတိယ ကမ္ဘာစစ်ကာလကို ပြန်ကြည့်ရမှာ ဖြစ်ပါတယ်” ဗြိတိန်နိုင်ငံရှိ အရှေ့ အန်ဂလီကာ တက္ကသိုလ်က ရာသီဥတု ပြောင်းလဲမှု သိပ္ပံ ပါမောက္ခ ကော်ရင်နီ လီ ကွေရေက ပြောပါတယ်။

သုတေသီတွေက အမေရိကန်၊ တရုတ်နိုင်ငံက ပြည်နယ် ၃၀ အပါအဝင် နိုင်ငံပေါင်း ၆၉ နိုင်ငံရဲ့ ကာဘွန် ထုတ်လွှတ်မှုတွေကို လေ့လာဆန်းစစ်ပြီး အခုလိုထုတ်ပြန်တာ ဖြစ်ပါတယ်။ ဆန်းစစ်လေ့လာခဲ့တဲ့ နမူနာတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်း၊ ကမ္ဘာ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုရဲ့ ၉၇ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။

________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)