လူသားပင့်ကူလို့ နာမည်ကျော်သူ အမျိုးသမီး လက်ဗလာနဲ့ ၅၅၅ မီတာအမြင့်ကို တက်ရောက်

0
284

တောင်ကိုရီးယားရဲ့ထိပ်တန်းအမျိုးသမီး စွန့်စားတက်ရောက်သူ ကင်မ်ဂျာအင်ဟာ သူမရဲ့လက်ဗလာနဲ့ အမြင့် ၅၅၅ မီတာရှိတဲ့ လိုတေး ကမ္ဘာ့မျှော်စင်အဆောက်အအုံကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။

အဆိုပါအဆောက်အအုံကို ၂ နာရီ၊ ၂၉ မိနစ်၊ ၃၈ စက္ကန့်နဲ့ ကင်မ်ဂျာအင်က တက်ရောက်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့တော်မှာရှိတဲ့ ဒီအဆောက်အအုံ့ဟာ နိုင်ငံရဲ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံ့ကြီးဖြစ်ပါတယ်။ကင်မ်က တောင်တက် ကိရိယာတန်ဆာပလာတွေ လုံခြုံရေးအတွက် ၀တ်ဆင်ခဲ့ပေမယ့် ခြေထောက်အကာအကွယ်မပါခဲ့ပါဘူး။

ကင်မ်ဟာ ၂၀၀၉ ခုနှစ်ကစတင်ပြီး နိုင်ငံတကာတောင်တက်အားကစားအဖွဲ့ချုပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၅ပွဲမှာ အနိုင်ရခဲ့ပြီး အာရှ ချန် ပီယံရှစ်ပြိုင်ပွဲ ၁၁ ပွဲမှာ ဗိုလ်စွဲခဲ့သူဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ တောင်ကိုရီယားနိုင်ငံ၊ ဘူဆန်မြို့က ၁၂၈မီတာမြင့်တဲ့ ကေအန်အန်မိုးမျှော်အဆောက်အအုံနဲ့ ၄၈ မီတာမြင့်တဲ့ အဆောက်အအုံ့တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ သူမဟာ တရုတ်နိုင်ငံရဲ့အခက်ခဲ ဆုံးတက် ရောက်မှုလို့ ဆိုရမယ့် ဂီလင်းပြည်နယ်က စပိုက်စီနိုဒဲလ်အဆောက်အအုံကို တက်ရောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမအမျိုးသမီးဖြစ်လာခဲ့ပါတယ်။

တောင်တက်အားကစားကို ပထမဆုံးအကြိမ်ထည့်သွင်းမယ့် ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ကင်မ်ဂျာအင် ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)