ပထမဆုံး သမ္မတ ခရီးစဉ်အဖြစ် ဒေါ်နယ်ထရမ့် ဆော်ဒီ အာရေးဗီးယားသို့ ရောက်ရှိ

0
311

အမေရိကန် ပြည်တွင်းမှာ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအနေနဲ့ ပြဿနာတွေ ပေါ်နေချိန် ထရမ့်ကတော့ သူ့ရဲ့ ပထမဆုံး သမ္မတ ခရီးစဉ်အဖြစ် ဆော်ဒီ အာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ သမ္မတ ထရမ့်ဟာ သမ္မတကတော် မယ်လနီယာနဲ့အတူ ပင်လယ်ကွေ့ ဘုရင့်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ခရီးစဉ်ဟာ သမ္မတ အိုဘားမား လက်ထက်မှာ အေးစက်ခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည် အားကောင်းစေဖို့နဲ့ အစ္စလာမ် အစွန်းရောက်တွေကို နှိမ်နင်းရာမှာ မဟာမိတ်ရှာဖို့အတွက် ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ ဆော်ဒီဘုရင် ဆလမ် ဘင် အဗဒူလာဇစ် အယ်လ်ဆော့နဲ့ နန်းတော်မှာ တွေ့ဆုံပြီးရင် အိမ်ရှေ့မင်းသား၊ အဲဒီနောက် ဒုတိယ အိမ်ရှေ့မင်းသားတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ပင်လယ်ကွေ့မှာရှိတဲ့ သံတမန် အသိုင်းအဝိုင်းကတော့ မစ္စတာ ထရမ့်ရဲ့ ခရီးစဉ်ကို အာရပ်ကမ္ဘာက အများကြီး မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ မစ္စတာ ထရမ့်ရဲ့ ခရီးစဉ်မှာ ဆော်ဒီကို ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိမယ့် လက်နက်ရောင်းချရေး ကိစ္စအပါအဝင် စီးပွားရေး ကိစ္စတွေလည်း ညှိနှိုင်းကြမယ်လို့ ယူဆကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)