ဟစ်ဇဘိုလာ ခေါင်းဆောင်ကို ဆော်ဒီ ပိတ်ဆို့အရေးယူ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်

0
288

ဆော်ဒီ အာရေဗီးယား အစိုးရက အကြမ်းဖက် ဟစ်ဇဘိုလာ ခေါင်းဆောင် ဟာရှမ် ဆာဖီဒင်ကို အမည်ပျက် စာရင်းသွင်းကာ ပိတ်ဆို့အရေးယူမှု လုပ်ဆောင်လိုက်ပြီး သူ့ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်လိုက်ပါတယ်။

ဟစ်ဇဘိုလာ ခေါင်းဆောင် ဆာဖီဒင်ဟာ အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်လုပ်ဆောင်မှုတွေအတွက် တာဝန်ရှိသူ၊ အကြမ်းဖက်မှုတွေ စတင်ဖို့ အချက်ပေးသူ၊ ဆီးရီးယား အာဏာရှင် ဘာရှား အယ်လ် အာဆတ်ကို ထောက်ခံပေးနေသူ ဖြစ်ပါတယ်။

ဆာဖီဒင်ကို ၁၉၆၄ မှာ လက်ဘနွန်နိုင်ငံ တောင်ပိုင်း တိုင်ရီဒေသမှာ မွေးပါတယ်။

ဟစ်ဇဘိုလာတွေရဲ့ လုပ်ဆောင်မှုတွေ၊ ခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူမှုတွေ လုပ်သွားမယ်လို့လည်း ဆော်ဒီ အစိုးရက ပြောပါတယ်။

 

ဆာဖီဒင်ရဲ့ နာမည်နဲ့ ရှိနေတဲ့ ဘယ်ပိုင်ဆိုင်မှုမျိုးကို မဆို ဆော်ဒီအစိုးရက ထိန်းချုပ်မှာ ဖြစ်ပြီး ဆော်ဒီနိုင်ငံသားများ၊ ဆော်ဒီမှာ နေထိုင်သူများဟာ ဟစ်ဇဘိုလာ အကြမ်းသမားများနဲ့ ဆက်သွယ်မှုကို တားမြစ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)