ဒိုင်နိုဆော ဝတ်စုံနဲ့ လိုက်လံ ခြောက်လှန့်တဲ့ အမျိုးသမီး အဖမ်းခံရ

0
301

အမေရိကန်၊ ကာရိုလိုင်းနား တောင်ပိုင်း၊ ချာလက်စတန်မြို့မှာ အမျိုးသမီးတစ်ဦးဟာ ဒိုင်နိုဆော ဝတ်စုံဝတ်ပြီး အများပြည်သူ အနှောင့်အယှက် ဖြစ်အောင် လုပ်တဲ့အတွက် အဖမ်းခံလိုက်ရပါတယ်။

နစ်ကိုး ဝဲလ်စ် (Nicole Wells) ဆိုသူ အမျိုးသမီးဟာ ဒိုင်နိုဆော ဝတ်စုံကို ဝတ်ပြီး မြင်းလှည်းက မြင်းတွေကို ခြောက်လှန့်၊ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အိတ်တွေကို လိုက်ဆွဲတဲ့ အတွက် အများပြည်သူ အနှောက်အယှက် ဖြစ်စေမှုနဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

မေလ ၁၈ ရက်နေ့မှာ တိုင်ရန်နိုဆော ဝတ်စုံနဲ့ လူတစ်ယောက်ဟာ ချားလ်စတန် လမ်းတွေပေါ်မှာ သောင်းကျန်းနေတယ်လို့ သတင်းရလို့ ရဲက သွားရောက်ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ဒိုင်နိုဆော ဝတ်စုံနဲ့လူကို ထွက်သွားဖို့ သုံးခါ အော်ပြောတယ်၊ သူက ဂရုမစိုက်ဘူး၊ မြင်းတွေကို ခြောက်လှန့်တော့ မြင်းလှည်းက ပြေးထွက်သွားတယ်လို့ မြင်းလှည်းဆရာ ဗန် စတာဂျီယွန်က ပြောပါတယ်။မြင်းလှည်းဆရာ စတာဂျီယွန်လည်း လှည်းပေါ်က ပြုတ်ကျပြီး လှည်းဘီးနဲ့ညပ်ကာ ခြေထောက်ကျိုးသွားပါတယ်။

သူမ ဘာကြောင့် ဒီလို ဝတ်ဆင် ခြောက်လှန့်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)