ဘရာဇီးသမ္မတ ဒေါ်လာသန်းနဲ့ချီ လာဘ်စားခဲ့ကြောင်း စွပ်စွဲချက်ထွက်ပေါ်

0
280

၂၀၁၀ ပြည့်နှစ်ကစတင်ပြီး ဘရာဇီးသမ္မတမစ်ချဲလ်တီမာဟာ လာဘ်ငွေ ဒေါ်လာသန်းနဲ့ချီပြီး ရယူခဲ့ကြောင်း နိုင်ငံရဲ့အမြင့်ဆုံး တရားရုံးမှာ ထွက်ဆိုချက်အရ သိရှိရပါတယ်။

အဆိုပါထွက်ဆိုချက်ကို အမှုနဲ့သက်ဆိုင်တဲ့ အသားထုပ်ပိုးမှုကုမ္ပဏီရဲ့ ပိုင်ရှင်တွေက ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

သမ္မတတီမာက သူ့မှာအပြစ်မရှိကြောင်း ငြင်းဆိုထားပေမယ့်လည်း တကယ်လို့ လာဘ်စားမှုထင်ရှားခဲ့မယ်ဆိုရင် နဂိုကမှ ယိမ်း ယိုင်နေတဲ့ သူ့ရဲ့အစိုးရအဖွဲ့အနေနဲ့ ကျဆုံးခန်းရောက်သွားပြီလို့ ဆိုရတော့မှာပါ။

ဒါ့အပြင် လာဘ်စားမှုကို ဖုံးကွယ်ဖို့အတွက် သက်သေဖြစ်နိုင်သူကို နူတ်ပိတ်ခပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း သမ္မတတီမာ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရုပ်သံမိန့်ခွန်းမှာ သမ္မတအဖြစ် ဆက်ရှိနေမယ်လို့ မစ္စတာတီမာက အခိုင်အမာပြောဆိုခဲ့ပါ တယ်။

မဟာမိတ်တွေကိုပေးဖို့နဲ့ မဲဆွယ်စည်းရုံးရေးအတွက် ပြီးခဲ့တဲ့ ၇ နှစ်အတွင်း သမ္မတကို ဒေါ်လာ ၂.၅ သန်းပေးခဲ့ရကြောင်း အဆိုပါ အသားထုပ်ပိုးမှုကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟိုစလေဘာတစ္စတာက တရားရုံးမှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၄ခုနှစ်မှာ မစ္စတာတီမာရဲ့ မဟာမိတ်တွေကို တရားဝင်မဲဆွယ်စည်းရုံးမှုကူညီရေးရန်ပုံငွေအနေနဲ့ ဒေါ်လာ ၄.၆ သန်း ပေးခဲ့ရကြောင်း ကုမ္ပဏီရဲ့အခြားညွှန်ကြားရေးမှူးတစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)