၁၉ မိုင်ရှည်လျားတဲ့ တရုတ် – ဟောင်ကောင် ချစ်ကြည်ရေး တံတား ဒီနှစ်ကုန် ပြီးနိုင်

0
291

ကမ္ဘာ့အကြီးဆုံး   အခြေခံအဆောက်အဦတွေထဲက   တစ်ခုလို့ပြောလို့ရတဲ့   လက်ရှိဆောက်လုပ်နေဆဲ ၁၉ မိုင်ရှည် လျားတဲ့  တရုတ်နိုင်ငံ – ဟောင်ကောင် ချစ်ကြည်ရေးတံတား ဒီနှစ်ကုန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

၈ နှစ်ကြာမြင့်တဲ့ အဲ့ဒီတံတားတည်ဆောက်မှုဟာ    အနည်းဆုံး ဒေါ်လာ   ၁၉ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းပြောဆိုထားကြပြီး နှစ်နိုင်ငံကြားတံတားဆောက်လုပ်ဖို့ အတွက် ၁၉၈၀ ၀န်းကျင်လောက်တည်းက အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။

 တင်မားမှုတွေရှိနေတဲ့ ဟောင်ကောင် – တရုတ် နှစ်နိုင်ငံကြား   တံတား ဆောက်လုပ်ခဲ့တဲ့အတွက် ကြောင့် တင်းမာမှုတွေ လျော့နည်းသွားပြီး    နှစ်ဘက်လုံး အကျိုးစီးပွားဖြစ်ထွန်း လိမ့်မယ်ဆိုတာ   ယုံကြည်ကြောင်း တရုတ် အစိုးရက  ပြောပါတယ်။

စီးပွားရေးပညာရှင်   တစ်ချို့က  ဒီလို ပူးပေါင်းတာဟာ   ဟောင်ကောင်အတွက်   ရရှိလာတဲ့  စီးပွားရေး အခွင့်အလမ်း   အသစ်တစ်ခုပါ။

အမေရိကန် ၊  ဂျပန် ၊   ဂျာမနီ  ၊ဗြိတိန်  ၊  တရုတ် လို နိုင်ငံတွေတောင် ကမ္ဘာလုံးဆိုင်ရာ    စီးပွားရေး စနစ်တွေကို ပူးပေါင်း ဖော်ဆောင်နေကြပါတယ်။   ဟောင်ကောင်အနေနဲ့  သီးခြားနေထိုင်နေမယ်ဆိုရင်    ဆင်းရဲတဲ့ ဒဏ်ကို ရင်ဆိုင်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အဲ့ဒီတံတား  ဆောက်လုပ်ပြီးစီးခဲ့ရင်  ဟောင်ကောင် ၊ တရုတ်   ၊  မက္ကာအို  ၃ နေရာလုံး အတွက်  စီးပွားရေး ချိတ်ဆက်လုပ်နိုင်မဲ့ တစ်ခုတည်းသော  တံတားဖြစ်လာမှာဖြစ်ပြီး  ဒီနှစ်ကုန်ပိုင်းမှာ  အဲ့ဒီတံတားကို ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ပြုသွားမှာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)