အမေရိကန်နဲ့ တောင်ကိုရီးယားလေတပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်

0
283

အမေရိကန်လေတပ်   နဲ့  တောင်ကိုရီယားလေတပ်  တို့ ဒီကနေ့ ဧပြီလ ၂၀  ရက်နေ့မှာ ဂွန်ဆန်လေတပ် အခြေ စိုက်စခန်းမှာ  ပူးတွဲစစ်ရေးလေ့ကျင့်မှု   တွေပြုလုပ်ခဲ့ပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်မှုတွေကို  နှစ်စဉ်နှစ်တိုင်းပြု လုပ်နေတာဖြစ်ပြီး   တိုက်လေယာဉ် F-16 နဲ့ F-15 တို့အပါအ၀င်  ပူးပေါင်းတိုက်ခိုက်မှုစွမ်းရည် တိုးတက်မြှင့်မားလာစေဖို့ ရည်ရွယ်တဲ့အနေနဲ့  လေယာဉ်အစင်းပေါင်း ၈၀ ကျော် နဲ့ လေ့ကျင့်ခဲ့ ကြတာဖြစ်ပါတယ်။

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံဟာလည်း ပင်နီဆူးလားကျွန်းဆွယ်နဲ့ ပတ်သတ်ပြီး အခြေအနေတင်းမာမှု ပိုမိုဆိုးရွားလာနေပါတယ်။

မြောက်ကိုရီးယားဟာ မကြာတော့တဲ့အချိန်မှာ  ၆ ကြိမ်မြောက်  နယူးကလီးယားစမ်းသပ်ထုတ်လုပ်မှု တစ်ခုပြုလုပ်လိမ့်မယ်လို့လည်း  အမေရိကန်ဘက်က ပြောဆိုထားခဲ့ပြီး  Carl Vinson လေယာဉ်တင် သင်္ဘောနဲ့အတူ အမေရိကန်ရဲ့ တပ်သား ၂၈၅၀၀ ဟာ တောင်ကိုရီးယားတပ်တွေနဲ့ အတူ မြောက်ကိုရီးယားရဲ့ ရန်ကိုကာကွယ်ဖို့အတွက် သွားရောက်တပ်စွဲထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)