အိန္ဒိယနိုင်ငံမှာ ကားချောက်ထဲကျပြီး ၄၄ ဦးသေဆုံး

0
295

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမားချဲထ် ပရက်သီပြည်နယ်ထဲမှာ ရှိတဲ့ တောင်တန်းပေါ်က ဖြတ်ကျော်ရတဲ့ လမ်းမှာ ဧပြီလ ၁၉ ရက်နေ့က ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျခဲ့ပြီး လူပေါင်း ၄၄ ဦးသေဆုံးခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။  

 အဲ့ဒီကားပေါ်မှာ လူပေါင်း ၄၆   ဦးလိုက်ပါလာခဲ့တာဖြစ်ပြီး  ကားမတော်တ ဆမဖြစ်ခင်  ခုန်ချခဲ့တဲ့  ကားစပယ်ယာနဲ့ ခရီးသည်တစ်ဦးက  တော့ ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို ကားမတော်တဆဖြစ်မှုဟာ မနေ့ က မိုးသည်းထန်စွာရွာသွန်းတဲ့ အတွက်ကြောင့်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အဓိကအားဖြင့် ဒီလို   မတော်တဆဖြစ်ပေါ်မှုတွေဟာ ယာဉ်မောင်းသူရဲ့ စံချိန်စံညွှန်းညံ့ ဖျင်းတဲ့ အချက်တွေ၊  အရည်အသွေးမမှီတဲ့ကားအမျိုးအစားတွေနဲ့  ဆိုးရွားလွန်းလှတဲ့ လမ်းတွေပေါ်မှာ မူတည်နေပါတယ်။

 အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့  လူသေမှုအများဆုံး     လမ်းတွေရှိပြီး  ဒီလို ကားမတော်တဆ ဖြစ်ရပ်ကြောင့် ၂၀၁၅ ခုနှစ်ဟာ လူပေါင်း တစ်သိန်းခွဲ လောက်သေဆုံးမှု အများဆုံးနှစ် ဖြစ်ခဲ့တယ်လို့ အစိုးရဌာနက ထုတ်ပြန်ထားပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)