ကိုလံဘီယာနိုင်ငံတွင် လူဒါဇင်ကျော်သေဆုံးနေပြီး ၂၀ ကျော်ပျောက်ဆုံးနေ

0
299

မကြာသေးမီက   ဖြစ်ပေါ်ခဲ့တဲ့  ကိုလံဘီယာနိုင်ငံရဲ့  ရွှံမြေပြိုမှုအပြီး မနေ့က ဗုဒ္ဓဟူးနေ့က  ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း ကော်ဖီစိုက်ပျိုးရာ တောင်တန်းဒေသတစ်ခုဖြစ်တဲ့  မင်နီဇဲလက်စ်မြို့မှာ  ဒုတိယအကြိမ် မြေပြိုမှု ထပ်မံဖြစ်ပွားခဲ့တာပါ ။

အဲ့ဒီဒုတိယအကြိမ်  မြေပြိုမှုအတွင်း  လူ ၁၁ ဦးသေဆုံးခဲ့ပြီး လူပေါင်း၂၀ လောက် ပျောက်ဆုံးနေခဲ့တာဖြစ် ပါတယ်။ မကြာသေးမီရက်တွေက   မိုးသန်းထန်စွာရွာသွန်းခဲ့တာတွေကြောင့် အင်းဒီးတောင်တန်းတွေရဲ့ တောင်ခြေလျှောစောက်နားနေထိုင် ကြတဲ့ ရပ်ကွက်တွေအတွက်  ရေကြီး မြေပြိုကြနိုင်တဲ့ စိုးရိမ်စရာအခြေအနေ  ဖြစ်ပေါ်နေခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံအတွင်း ယခုလထဲမှာပဲ မြေပြိုကျမှုကြောင့် သေဆုံးခဲ့တဲ့  လူပေါင်း ၃၂၀ နီးပါးရှိနေခဲ့ပြီး အိုးအိမ်မဲ့ထောင် ပေါင်းများစွာဖြစ်ပေါ်နေခဲ့ တာဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံရဲ့ ရွာသွန်းမိုးရေချိန်မြှင့်မားမှုတွေ ကြောင့် သဘာဝဘေးအန္တရာယ်အတွင်း သေဆုံးခဲ့ရတဲ့ သူအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ လူပေါင်း ၁၀၀ နီးပါးသေဆုံးခဲ့ပြီး ၊ ၁၉၈၆ ခုနှစ်မှာတော့ လူပေါင်း ၂၀၀၀၀ ကျော်သေဆုံးမှုတွေရှိခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)