ဦးနှောက်နဲ့ တိုက်ရိုက် ထိန်းချုပ်နိုင်မယ့် ကွန်ပျူတာ ဖန်တီးနေ

0
299

ကွန်ပျူတာတွေကို လူသားရဲ့ဦးနှောက်နဲ့ တိုက်ရိုက်ထိန်းချုပ်မှု ပြုလုပ်နိုင်မယ့် နည်းပညာဖန်တီးဖို့ ရည်မှန်းထားကြောင်း ဖေ့ဘွတ်ခ် ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

အသံမထွက်ဘဲ ပြောဆိုခိုင်းစေနိုင်မယ့် ဆော့ဝဲလ်ကို စမ်းသပ်နေပြီး အောင်မြင်မှုရခဲ့မယ်ဆိုရင် အသုံးပြုသူဟာ တစ်မိနစ်ကို စာလုံအရေအတွက် ၁၀၀ နှုန်းနဲ့ စာရိုက်နိုင်မှာဖြစ်ပါတယ်။

ခွဲစိတ်မှုပြုလုပ်ဖို့ မလိုအပ်ဘဲ ဦးနှောက်လှိုင်းတွေကို သိရှိနိုင်မယ့် နည်းပညာအသစ်ကို အစောပိုင်းအဆင့်မှာ ဖန်တီးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဦးနှောက်လှိုင်းအကုန်လုံးကို ဖော်ထုတ်ဖို့ ရည်ရွယ်တာမဟုတ်ဘဲ အသုံးပြုသူအနေနဲ့ အခြားသူတွေသိရှိအောင် မျှဝေချင်တဲ့အတွေးတွေကိုပဲ စာအနေနဲ့ ရိုက်နိုင်အောင် ကြံဆဖန်တီးနေတာ ဖြစ်ပါတယ်။

အဆိုပါစီမံကိန်းအတွက် လိုအပ်မယ့် ဟတ်ဒ်ဝဲလ်နဲ့ ဆောဝဲလ် နှစ်မျိုးစလုံးကို ဖေ့ဘွတ်ခ်ကုမ္ပဏီကပဲ ပညာရှင်ပေါင်း ၆၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက် နေပါပြီ။

အဆိုပါကြေညာချက်ကြောင့် ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ လက်ရှိဖြစ်နိုင်ခြေရှိတဲ့ နည်းပညာအားလုံးကို ပုံဖော်လိုက်တာလို့ ပြောဆိုနိုင်ပါတယ်။ လက်ရှိအချိန်အထိတော့ ဦးနှောက်ကို ထိန်းချုပ်ဖို့အတွက် ကွန်ပျူတာ ချပ်စ်ပြားကို ဦးခေါင်းခွဲစိတ်ပြီး စိုက်ထားမှရနိုင်ပါသေးတယ်။

ဦးနှောက်ပြင်ပကနေ ထိန်းချုပ်မှုပြုလုပ်တဲ့ နည်းပညာကတော့ လက်ရှိအချိန်မှာ ဈေးကွက်ထဲမှာတောင် ရှိနေပြီးသားပါ။ ဒါပေမဲ့ အ ဆိုပါကိရိယာတွေက အခြေခံအကျဆုံး လုပ်ဆောင်ချက်လေးတွေကို လုပ်ဆောင်နိုင်ပါသေးတယ်။ အခုစီမံကိန်းအောင်မြင်မှုရရှိ ဖို့အတွက် တစ်စက္ကန့်ကို ဦးနှောက်လှိုင်း ရာပေါင်းများစွာ ဖမ်းယူနိုင်တဲ့ ဆင်ဆာတွေ လိုအပ်နေပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)