ၾသစေၾတးလ် လူငယ်လေးဦးမှာ တစ်ဦး စိတ်ဓာတ်ကျဆင်းနေ

0
302

သြစတြေးလျ လူငယ်လေးပုံတစ်ပုံဟာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုဖြစ်နိုင်ခြေရှိနေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်နဲ့နှိုင်းယှဉ်ကြည့်ရင် အသက် ၁၅နှစ်ကနေ ၁၉ နှစ်အထိ လူငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှု ပိုပြီးမြင့်မား လာတာကို တွေ့ရှိရကြောင်း ပရဟိတနဲ့စိတ်ကျန်းမာရေးအဖွဲ့တစ်ဖွဲ့က ဖော်ပြခဲ့ပါတယ်။

 

အမျိုးသမီးငယ်လေးတွေနဲ့ သြစတြေးလျ တိုင်းရင်းသားတွေမှာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုပိုများနေတာကိုလည်း အဆိုပါလေ့လာ မှုအရ သိရှိရပါတယ်။ အွန်လိုင်းကနေကူညီပံ့ပိုးမှုတွေ တိုးမြှင့်ပြီး စိတ်ကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်သင့်ကြောင်း အဆိုပါလေ့လာမှုက အကြံပြုထောက်ခံထားပါတယ်။

လူငယ်စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အဓိကစိုးရိမ်ရတဲ့အချက်တွေကတော့ စိတ်ဖိစီးမှုကိုလက်ခံနိုင်စွမ်း၊ ကျောင်းနဲ့ သင်ယူမှု ဆိုင်ရာပြဿနာတွေနဲ့ စိတ်ဓါတ်ကျဆင်းမှုတို့ဖြစ်ကြောင်း လေ့လာမှုပြုလုပ်ခဲ့တဲ့ မစ်ရှင်သြစတြေးလျနဲ့ဘလက်ခ်ဒေါ့ အင်စတီကျု့က ဖော်ပြခဲ့ပါတယ်။

လေ့လာမှုပြုလုပ်ခဲ့တဲ့အဖွဲ့ရဲ့ နောက်ထပ်ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဟဲလင်ခရစ္စတန်ဆန်ကလည်း “ ၂၁ရာစုမှာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုက အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်နေတယ်ဆိုတာ ဒီလေ့လာချက်က အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ဒါ ကြောင့် လူမှုအသိုင်းအ၀ိုင်း၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ မိသားစုဝင်တွေ ပူးပေါင်းပြီး ဖြေရှင်းမှ ရပါလိမ့်မယ်” လို့ ပြောကြားခဲ့ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)