အကျဉ်းသားတွေနဲ့ ဖမ်းဆီးထိန်းသိမ်းသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့နဲ့ COVID-19 ဗိုင်းရပ်စ်ကနေ ကာကွယ်ဖို့ အရေးပေါ်လုပ်ဆောင်သင့်တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။
အကျဉ်းထောင်၊ အကျဉ်းစခန်းနဲ့ ထိန်းသိမ်းရေးဌာနတွေမှာ အကျဉ်းသားဦးရေ လျှော့ချရေးကိုလည်း စဉ်းစားသင့်ပြီး တချို့ကို ထောင်ကနေ စောစော လွှတ်လိုက်သင့်ကြောင်းလည်း HRW ရဲ့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်မှာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၀၁ ခု ရှိနေပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အနည်းဆုံး နှစ်ဦးရှိတယ် ဆိုပေမယ့် တကယ့်အရေအတွက်က အဲဒီထက် များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ပါကစ္စတန် အကျဉ်းထောင်တွေမှာ လူဦးရေ အလွန်များပြားနေပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ အစိုးရ ထုတ်ပြန်ချက်အရ ပါကစ္စတန်ရှိ အကျဉ်းထောင် ၁၁၄ ခုမှာ အကျဉ်းသား ၇၇၂၇၅ ဦး ရှိပါတယ်။ ဒါပေမယ့် ထောင်တွေထဲမှာ ထားနိုင်တဲ့ အကျဉ်းသား အရေအတွက်က ၅၇၇၄၂ ဦးသာ ဖြစ်ပါတယ်။

ပါကစ်စတနျ ထောငျတှမှော COVID-19 အန်တရာယျ မြားတယျလို့ HRW သတိပေး