မလေးရှားမှာ မြန်မာတစ်ဦး အလုပ်ရှင်ကို သတ်ပြီး ထွက်ပြေး

0
299

မလေးရှားနိုင်ငံ၊ ဂျလန် ဒါတို အဗ္ဗဒူလာ တီဟာရှိ စားသောက်ဆိုင် တစ်ဆိုင်မှာ မြန်မာအလုပ်သမားတစ်ဦးက ဆိုင်ရှင်ကို သတ်ပြီး ထွက်ပြေးသွားလို့ ဂျိုဟာ ရဲက ရှာဖွေနေပါတယ်။

သံသယရှိသူ အသက် ၂၆ အရွယ် မြန်မာအမျိုးသားဟာ စားသောက်ဆိုင်မှာ စားပွဲထိုးအလုပ် လုပ်သူဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် ဆိုင်ရှင်က အကြော်ဆရာ ဖြစ်ပါတယ်။

မနေ့က မတ်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီခွဲမှာ စားပွဲထိုးက ၁၄ လက်မရှိတဲ့ ဓားနဲ့ ဗိုက်ကို ထိုးခဲ့တာ ဖြစ်ပြီး အထိုးခံရတဲ့ ဆိုင်ရှင်ဟာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရဲမှူး ဆူလေမန် ဆယ်လာက ပြောပါတယ်။

အလုပ်ရှင်က မြန်မာအလုပ်သမားဟာ ရည်းစားဖြစ်သူနဲ့ အကြာကြီး စကားပြောနေတယ်လို့ ဆူပူရာက ဒေါသထွက်ပြီး သတ်တာဖြစ်ကြောင်း၊ မြန်မာအလုပ်သမားရဲ့ ရည်းစားကလည်း အဲဒီဆိုင်မှာပဲ အလုပ်လုပ်သူဖြစ်ကြောင်း ရဲမှူး ဆူလေမန်က ဆိုပါတယ်။
လူသတ်မှု မဖြစ်ခင် မီးဖိုချောင်ထဲမှာ သူတို့နှစ်ယောက် စကားများနေကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မြန်မာအလုပ်သမားက ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)