ဘင်္ဂလားဒေ့ရှ် ကောက်ဘဇားမှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီ စစ်သွေးကြွ ၃ ဦး ဖမ်းမိ

0
333

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကောက်ဘဇားမြို့ရှိ ဟိုတယ်တစ်ခုကနေ စစ်သွေးကြွလို့ သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးခဲ့ရာမှာ သုံးဦးဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းကလူတွေ ဖြစ်နေပါတယ်။

စစ်သွေးကြွတွေ တည်းခိုနေတယ်လို့ သတင်းအရ ဂျမူနာ ဧည့်ဂေဟာ အမည်ရှိ ဟိုတယ်ကို မနေ့က မတ်လ ၁၉ ရက် ည ၇ နာရီခွဲ အချိန်မှာ ဘင်္ဂလားဒေ့ရှ် ရဲတွေက ဝင်ရောက် စီးနင်းတာဖြစ်တယ်လို့ ကောက်ဘဇား တွဲဖက် ရဲမှူးကြီး မက်ဒ် အက်ရှ်ဖာရူဂျူး ဟာကျူ တူတယ်က ပြောပါတယ် ရခိုင်ပြည်နယ်၊ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်စခန်းကလို့ ဆိုတဲ့ နူရယ် အာမင်၊ မိုဟာမက် ယာဆင်၊ အဘဒူ အဇစ်ဆိုသူ သုံးဦးကိုလည်း ဖမ်းမိတာ ဖြစ်ပါတယ်။

အဇစ်ဆိုသူဟာ ဒုက္ခသည်စခန်း အပြင်ရှိ အစ္စလမ် ဘာသာရေးကျောင်းမှာ အလုပ်လုပ်သူဖြစ်တယ်လို့ ရဲမှူးက ပြောပါတယ်။လတ်တလောမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)