ကင်ဂျုံအန်းရဲ့ အပြုအမူတွေက သိပ်ကိုဆိုးရွားလွန်းနေကြောင်း သမ္မတထရန့်ပြော

0
264

ဒုံကျည်အင်ဂျင်အသစ်စမ်းသပ်လိုက်တဲ့မြောက်ကိုရီယားအာဏာရှင်ကင်ဂျုံအန်းရဲ့ အပြုအမှုတွေဟာ သိပ်ကိုဆိုးရွား လွန်း နေ ပြီလို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်က ပြောကြားလိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ်က သူ့ရဲ့အပန်းဖြေစခန်း မာအလာဂိုကနေ ၀ါရှင်တန်ကို ပြန်ဖို့ အဲဖို့ဒ်ဝမ်းလေယာဉ်ပေါ်တက်ရောက်ချိန်မှာ သမ္မတထရန့်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုပြုခဲ့ကြောင်း ထရန့်ကပြောဆိုခဲ့ ပါတယ်။ ဒါပေမဲ့ ဘယ်သူနဲ့ ဘယ်အကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာကိုတော့ ထရန့်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ကုလသမဂ္ဂအဖွဲ့က မြောက်ကိုရီးယားနိုင်ငံအပေါ်မှာတာဝေးပစ်ဒုံးကျည်စမ်းသပ်မှုမပြုလုပ်ဖို့ပိတ်ပင်ထားပါတယ်ဒါပေမဲ့ ဂြိုလ်တုအစီအစဉ်အနေနဲ့ ငြိမ်းချမ်းစွာအသုံးပြုနေတာဖြစ်ကြောင်း မြောက်ကိုရီးယားက ဆိုထားပါတယ်။

မြောက်ကိုရီးယားရဲ့ပြောဆို မှုကို အမေရိကန်နဲ့နိုင်ငံတကာက အယုံအကြည်မရှိကြပါဘူး။ အခုအင်ဂျင်အသစ်စမ်းသပ်ချက်က မြောက်ကိုရီးယားကို တာဝေး ဒုံးကျည်ပစ်ခတ်နိုင်စွမ်း ပိုမိုရရှိစေမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရီဇ်တီလာဆန်ရောက်ရှိနေချိန်မှာ အဆိုပါစမ်းသပ်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးရီဇ်တီလာဆန်က ပြုံယမ်းအစိုးရရဲ့ နျူကလီယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ခေါင်းစဉ်နဲ့ တရုတ်နိုင်ငံမှာ ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးတီလာဆန်ရောက်လာချိန်မှာ တမင်အချိန်ကိုက်ပြီး မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြောဖို့မလွယ်ကူပါဘူး။ ဒါပေမဲ့ ပြုံယမ်းအစိုးရဟာ အမေရိကန်-တောင်ကိုရီယားစစ်ရေးပူးတွဲလေ့ကျင့်မှုအပေါ်မှာ အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။ အခုလအစောပိုင်းမှာလည်း မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်လေးစင်းကို ဂျပန်ပင်လယ်ထဲ ပစ်ခတ်စမ်းသပ်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)