ဂါနာနိုင်ငံရဲ့နာမည်ကျော်ရေတံခွန်မှာ သစ်ပင်ကျိုးကျမှုကြောင့် ကျောင်းသား ၂၀ ဦးသေဆုံး

0
261
ဂါနာနိုင်ငံရဲ့နာမည်ကျော်ရေတံခွန်တစ်ခုမှာ မုန်တိုင်းတိုက်ခတ်ပြီး သစ်ပင်ကျိုးကျမှုကြောင့် ရေကူးဖို့လာရောက်တဲ့ အထက်တန်း ကျောင်းသား လူငယ် ၂၀ဦးသေဆုံးခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဘရွန်အာဖိုဒေသမှာရှိတဲ့ နာမည်ကျော် ကင်တန်ပိုရေတံခွန်မှာ အထက်တန်းကျောင်းသားစုတစ်စုဟာ အဆိုပါမတော်တဆမှုဖြစ် ချိန်မှာ ရေလာကူးနေကြကြောင်း ဂါနာနိုင်ငံမီးသတ်ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ပရင့်ဘီလီအန်နာဂလိပ်က ပြောကြားခဲ့ပါတယ်။ “ မုန်တိုင်းကျပြီး လေအပြင်းအထန်တိုက်နေတဲ့အချိန်မှာ သူတို့က ရေကူးနေကြတာပါ။
သစ်ပင်တွေက အမြစ်ကနေကိုကျွတ် ထွက်ပြီး သူတို့အပေါ်ကျသွားခဲ့တာပါ” လို့ သူက ပြောပြခဲ့ပါတယ်။ ကျောင်းသားလူငယ် ၁၈ဦးဟာ မတော်တဆမှုဖြစ်ပွားတဲ့နေရာမှာတင်သေဆုံးခဲ့ပြီး ဆေးရုံအရောက်မှာနောက်ထပ်နှစ်ဦးသေဆုံး သွားတာဖြစ်ကြောင်း မစ္စတာအန်နာဂလိပ်က ပြောပါတယ်။
အဆိုပါမတော်တဆမှုကြောင့် ရေကူးခရီးစဉ်ကို ကြီးကြပ်ဖို့လိုက်ပါလာတဲ့ ကျောင်းအုပ်ချုပ်သူတစ်ဦးအပါအ၀င် လူ ၁၁ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဂါနာခရီးသွားလုပ်ငန်းဝန်ကြီး ကတ်သရင်းအက်ဘီလီမာအာဖီကူ မတော်တဆမှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် ၀မ်း နည်းကြေကွဲကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)