ဆီးရီးယားနိုင်ငံရဲ့ဒမတ်စကတ်မြို့တွင်း တိုက်ပွဲအလွန်အမင်း ပြင်းထန်

0
312

ဆီးရီးယားနိုင်ငံ၊ဒမတ်စကတ်မြို့ရဲ့အရှေ့ဘက်အခြမ်းမှာ သူပုန်တွေနဲ့လုံခြုံရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်လာနေ ကြောင်း သိရှရပါတယ်မြို့တော်ဒမတ်စကတ်ရဲ့ဗဟိုချက်နေရာမှာ လက်နတ်ကြီးပစ်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ အစောပိုင်းမှာ တိုက်ခိုက်မှုတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကာဗုံးနဲ့ အသေခံတိုက်ခိုက်မှုတွေလည်း ဖြစ်ပွားနေ ကြောင်း
ဆီးရီးယားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ လျို့ဝှက်တူးမြောင်းတွေလည်း အသုံးပြုနေကြကြောင်း နိုင်ငံ ပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
သူပုန်တွေစိုးမိုးထားတဲ့ဒေသကို ဆီးရီးယားအစိုးရက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ကျော်လုပ်ဆောင်ခဲ့ကြောင်း ဆီးရီး ယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဒမတ်စကတ်မြို့မှာ သူပုန်စိုးမိုးထားတဲ့ဧရိယာအနည်းငယ်ပဲ ကျန်ရှိပါတော့တယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလ အတွင်းမှာ သူပုန်နဲ့ဂျီဟတ်သမားတွေက တဖက်၊ အစိုးရတပ်တွေကတစ်ဖက် စိုးမိုးထားခဲ့ကြပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခဲ့ တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)