မြောက်ကိုရီးယား ဒုံးကျည်နည်းပညာ တိုးတက်မှု ရနေကြောင်း တောင်ကိုရီးယားပြော

0
295

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်တဲ့အင်ဂျင်စမ်းသပ်ချက် တိုးတက်မှုရနေကြောင်း တောင်ကိုရီးယားနိုင်ငံက ဒီကန့ မတ်လ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“ ဒီစမ်းသပ်မှုတွေကနေ သိနိုင်တဲ့အချက်က ဖြစ်နိုင်ခြေရှိတဲ့ ပုံစံအတိုင်း အင်ဂျင်စမ်းသပ်ချက်တွေက တိုးတက်မှုရနေတာကို တွေ့ရတယ်၊ ဒါပေမဲ့ တကယ်တမ်း အသုံးချမယ့် ပုံစံကိုတော့ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုအပ်နေပါသေးတယ်” လို့ တောင်ကိုရီယား ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ လီဂျင်ဝူးလ်က ပုံမှန်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ဒုံးကျည်ပစ်လွှတ်စခန်းမှာ ပစ်လွှတ်တဲ့ အင်ဂျင်အသစ်တစ်ခု စမ်းသပ်နေပါတယ်။

မြောက်ကို ရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အောင်မြင်တဲ့ စမ်းသပ်ချက်ဖြစ်တာကြောင့် ဒုံးကျည်ကဏ္ဍအတွင် ခေတ်သစ်ရောက်လာပြီလို့ ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)