Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အီရန်နှစ်ဦး သေဆုံး

0
180

အဆုတ်ရောင် Covid-19 ဗိုင်းရပ်စ် ရောဂါကြောင့် အီရန်က သက်ကြီးရွယ်အို နှစ်ဦး သေဆုံးသွားတယ်လို့ အီရန် အစိုးရပိုင် IRNA သတင်းက ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကြေညာပါတယ်။

တီဟီရန်မြို့ တောင်ဘက် မိုင် ၈၀ အကွာရှိ ကိုအမ်မြို့က Covid-19 ဗိုင်းရပ်စ် ရောဂါ ဖြစ်နေသူ နှစ်ဦး သေဆုံးခဲ့တာလို့ ကျန်းမာရေး အကြံပေး အလီရေဇာ ဗဟက်ဘ်ဇာဒင်က ပြောပေမယ့် အသေးစိတ်ကို ပြောကြားခြင်း မရှိခဲ့ပါဘူး။ အခု သေဆုံးသူ နှစ်ဦးဟာလည်း အီရန်နိုင်ငံမှာ Covid-19 ဗိုင်းပ်စ် ပထမဆုံး ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။

အီရန် အစိုးရရုပ်သံက အခုလို ဗိုင်းရပ်စ်ကြောင့် သေဆုံးကြောင်း အတည်မပြုခင်ကတည်းက နိုင်ငံအတွင်း လွန်ခဲ့တဲ့နှစ်ရက်က Corona ဗိုင်းရပ်စ် သံသယရှိသူတွေ တွေ့ထားတယ်လို့ ကျန်းမာရေးဝန်ကြီး ကီယာနိုရက်ရှ်က အရိပ်အမြွက် ပြောဖူးပါတယ်။

Covid-19 ဗိုငျးရပျဈ ကူးစကျခံရတဲ့ အီရနျနှဈဦး သဆေုံး

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)