မေလးရွားကို အလုပ္သမား ေစလႊတ္မႈ ရပ္တန္႔ေရး အင္ဒိုနီးရွား စဥ္စားေန

0
900

မေလးရွားႏိုင္ငံ၊ ပီနန္ကြ်န္းမွာ ညွဥ္းပမ္းႏွိပ္စက္မႈေၾကာင့္ အင္ဒိုနီးရွား အလုပ္သမားတစ္ဦး ေသဆံုးခဲ့တာေၾကာင့္ မေလးရွားႏုိင္ငံကို အလုပ္သမား ေစလႊတ္တာ ရပ္တန္႔ဖို႔ အင္ဒိုနီးရွားမွာ အဆုိျပဳမႈေတြ ရွိေနပါတယ္။

ပီနန္မွာ အသက္ ၂၆ ႏွစ္အရြယ္ အင္ဒုိနီးရွားႏိုင္ငံသား အဒီလီနာ လီဆာအုိ  ညွဥ္းပန္း ႏွိပ္စက္ခံရကာ ေသဆံုးမႈ ျဖစ္ခဲ့ၿပီးေနာက္ မေလးရွားႏုိင္ငံကို အင္ဒိုနီးရွား အလုပ္သမား ေစလႊတ္တာ ရပ္ဖို႔ စဥ္းစားေနတာ ျဖစ္ပါတယ္။

အင္ဒိုနီးရွား ႏုိင္ငံျခားေရးဝန္ႀကီး ဌာနကေတာ့ အင္ဒုိနီးရွား အလုပ္သမား ေသဆံုးမႈအတြက္ အမွန္တရား လုိခ်င္တယ္လုိ႔ သတင္းထုတ္ျပန္ထားပါတယ္။ အင္ဒုိနီးရွားႏုိင္ငံက မေလးရွားႏုိင္ငံဆီ အလုပ္သမား ေစလႊတ္မႈ မရွိဘူးဆုိရင္ မေလးရွားႏုိင္ငံမွာ ဆံုး႐ံႈးမႈေတြနဲ႔ ရင္ဆုိင္ရဖြယ္ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားကို အလုပ်သမား စေလွှတ်မှု ရပ်တန့်ရေး အင်ဒိုနီးရှား စဉ်စားနေ

မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းမှာ ညှဉ်းပမ်းနှိပ်စက်မှုကြောင့် အင်ဒိုနီးရှား အလုပ်သမားတစ်ဦး သေဆုံးခဲ့တာကြောင့် မလေးရှားနိုင်ငံကို အလုပ်သမား စေလွှတ်တာ ရပ်တန့်ဖို့ အင်ဒိုနီးရှားမှာ အဆိုပြုမှုတွေ ရှိနေပါတယ်။

ပီနန်မှာ အသက် ၂၆ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသား အဒီလီနာ လီဆာအို ညှဉ်းပန်း နှိပ်စက်ခံရကာ သေဆုံးမှု ဖြစ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံကို အင်ဒိုနီးရှား အလုပ်သမား စေလွှတ်တာ ရပ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ အင်ဒိုနီးရှား အလုပ်သမား သေဆုံးမှုအတွက် အမှန်တရား လိုချင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံက မလေးရှားနိုင်ငံဆီ အလုပ်သမား စေလွှတ်မှု မရှိဘူးဆိုရင် မလေးရှားနိုင်ငံမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)