ဆမ္ေဆာင္ ကုမၸဏီ အႀကီးကဲကို  ျပစ္ဒဏ္ကေန ဆိုင္းငံ့ေပးတဲ့ တရားသူႀကီးကို ရာထူးက မထုတ္

0
930

ဆမ္ေဆာင္ ကုမၸဏီ အႀကီးအကဲကို ေထာင္မခ်ဘဲ ျပစ္ဒဏ္ကေန ဆိုင္းငံ့ေပးလိုက္တဲ့ တရားသူႀကီးကို ရာထူးက ျဖဳတ္ဖုိ႔ ေတာင္ကိုရီးယား အစိုးရက ျငင္းဆန္လိုက္ပါတယ္။

ေတာင္ကိုရီးယား တရားသူႀကီးက ဆမ္ေဆာင္ ကုမၸဏီ အႀကီးအကဲ ေဂ် ဝိုင္ လီကို လာဘ္ေပးလာဘ္ယူမႈနဲ႔ ပတ္သက္ၿပီး ေထာင္ဒဏ္ကို ဆုိင္းငံဖုိ႔ ဆံုးျဖတ္လုိက္ၿပီးေနာက္ ေတာင္ကိုရီးယား ႏုိင္ငံအတြင္း ျပင္းထန္တဲ့ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။

ထာင္ဒဏ္ဆုိင္းငံ့ဖုိ႔ ဆံုးျဖတ္ခဲ့တဲ့ တရားသူႀကီးကို ရာထူးက ထုတ္ပယ္ဖုိ႔  သမၼတ႐ံုး ဝက္ဘ္ဆိုက္မွာ လူေပါင္း ၂ သိန္း ၄ ေသာင္းက လက္မွတ္ေရးထုိး ေတာင္းဆုိထားပါတယ္။  

ေတာင္ကိုရီးယား တရားသူႀကီးက ေဂ် ဝိုင္ လီကို ေထာင္ဒဏ္ ၂ ႏွစ္ခြဲ ျပစ္ဒဏ္ခ်ခဲ့ၿပီး အဲဒီ ျပစ္ဒဏ္ကို ခ်က္ျခင္း မက်ခံေစဘဲ ဆုိင္းငံျပစ္ဒဏ္သာ ဆံုးျဖတ္ခဲ့ပါတယ္။

ေဂ် ဝိုင္ လီဟာ သူရဲ႕ကုမၸဏီကို အစိုးရ မ်က္ႏွာသာေပးေစဖို႔  ေတာင္ကိုရီးယား သမၼတေဟာင္း ပတ္ဂြန္ေဟးကို လာဘ္ေငြေပးခဲ့တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ ၿပီးခဲ့တဲ့ ႏွစ္အတြင္း စံုစမ္းစစ္ေဆးခံခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ဆမ်ဆောင် ကုမ္ပဏီ အကြီးကဲကို ပြစ်ဒဏ်ကနေ ဆိုင်းငံ့ပေးတဲ့ တရားသူကြီးကို ရာထူးက မထုတ်

ဆမ်ဆောင် ကုမ္ပဏီ အကြီးအကဲကို ထောင်မချဘဲ ပြစ်ဒဏ်ကနေ ဆိုင်းငံ့ပေးလိုက်တဲ့ တရားသူကြီးကို ရာထူးက ဖြုတ်ဖို့ တောင်ကိုရီးယား အစိုးရက ငြင်းဆန်လိုက်ပါတယ်။

တောင်ကိုရီးယား တရားသူကြီးက ဆမ်ဆောင် ကုမ္ပဏီ အကြီးအကဲ ဂျေ ဝိုင် လီကို လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ်ကို ဆိုင်းငံဖို့ ဆုံးဖြတ်လိုက်ပြီးနောက် တောင်ကိုရီးယား နိုင်ငံအတွင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ထောင်ဒဏ်ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ တရားသူကြီးကို ရာထူးက ထုတ်ပယ်ဖို့ သမ္မတရုံး ဝက်ဘ်ဆိုက်မှာ လူပေါင်း ၂ သိန်း ၄ သောင်းက လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။

တောင်ကိုရီးယား တရားသူကြီးက ဂျေ ဝိုင် လီကို ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ်ချခဲ့ပြီး အဲဒီ ပြစ်ဒဏ်ကို ချက်ခြင်း မကျခံစေဘဲ ဆိုင်းငံပြစ်ဒဏ်သာ ဆုံးဖြတ်ခဲ့ပါတယ်။

ဂျေ ဝိုင် လီဟာ သူရဲ့ကုမ္ပဏီကို အစိုးရ မျက်နှာသာပေးစေဖို့ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးကို လာဘ်ငွေပေးခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ပြီးခဲ့တဲ့ နှစ်အတွင်း စုံစမ်းစစ်ဆေးခံခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)