
0
897




>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆူမီတိုမို ကုမ္ပဏီ ကမ္ဘာ့အမြင့်ဆုံး သစ်သား မိုးမျှော် အဆောက်အဦး တည်ဆောက်မယ်

ဂျပန် ကုမ္ပဏီ ဆူမီတိုမိုက ကမာ့္ဘအမြင့်ဆုံး သစ်သားသုံး မိုးမျှော် တာဝါ အဆောက်အဦးကို တည်ဆောက်သွားမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

တာဝါဟာ အမြင့်ပေ ၁၁၄၈ ပေ ရှိမှာစြစ်ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ကုန်ကျမှာ ဖြစ်ပါတယ်။ W350 လို့ ခေါ်ဆို သစ်သားတာဝါမှာ သံမဏိ ၁၀ ရာခိုင်နှုန်းသာ ပါဝင်မှာဖြစ်ပြီး သစ်သား ၁၈၅၀ဝ၀ ကုဗမီတာ အသုံးပြုသွားမယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ သစ်သားနဲ့ အဓိကထား တည်ဆောက်မယ့် တာဝါ အဆောက်အဦးမှာ အထပ်ပေါင်း ၇၀ ပါဝင်မှာဖြစ်ပြီး ဈေးဆိုင်တွေ၊ ဟိုတယ်တွေနဲ့ အိမ်ပေါင်း ၈၀ဝ၀ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီအဆောက်အဦး တည်ဆောက်နိုင်ဖို့ ဂျပန် ဆူမီတိုမို ကုမ္ပဏီက နစ်ကန် ဆဲကဲအိနဲ့ ပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)