ၿခံဳခုိတုိက္ခုိက္ခံရမႈ အီရတ္ ျပည္သူ႔စစ္အဖြဲ႔ဝင္ ၂၇ ဦး ေသ

0
869

IS အစၥလာမ္စစ္ေသြးၾကြ အဖြဲ႔ဟာ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔က ကာရကတ္ၿမိဳ႕ အနီးမွာ အီရတ္ အစိုးရ လိုလားတဲ့ ျပည္သူစစ္ေတြရဲ႕ ယာဥ္တန္းကို တုိက္ခုိက္ခဲ့ရာ ျပည္သူ႔စစ္ အဖြဲ႔ဝင္ ၂၇ ဦး ေသဆံုးသြားခဲ့တယ္လို႔ အစိုးရ ေက်ာေထာက္ေနာက္ခံ ျပဳထားတဲ့ Popular Mobilisation အဖြဲ႔က ေျပာပါတယ္။  

IS အဖြဲ႔ကလည္း အဲဒီတုိက္ခိုက္မႈကို သူတို႔လက္ခ်က္ျဖစ္ေၾကာင္း ဝန္ခံထားပါတယ္။ အီရတ္လံု ၿခံဳေရး တပ္ဖြဲ႔ေတြက IS စစ္ေသြးၾကြအဖြဲ႔ေတြဟာ ျပည္သူ႔စစ္ အဖြဲ႔ေတြကို တုိက္ခိုက္ဖို႔ ရဲယူနီေဖာင္းေတြ ဝတ္ဆင္ကာ တုိက္ခုိက္ခဲ့တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

အီရတ္ဝန္ႀကီးခ်ဳပ္ ဟာဒီဒါ အယ္လ္ ဘာဒီက ေသဆံုးခဲ့သူေတြ အတြက္ အမွန္တရားျဖစ္ေအာင္ လုပ္ေဆာင္သြားဖို႔ အမိန္႔ေပးထားပါတယ္။  

အီရတ္ အစိုးရတပ္ဖြဲ႔ေတြဟာ အခုလ အေစာပိုင္းက ေရနံသယ္ေဆာင္ရာမယ့္ လမ္းေၾကာင္း ေကာင္းမြန္ေစဖို႔ လက္နက္ကိုင္ အဖြဲ႔ေတြကို တိုက္ခုိက္ခဲ့ၿပီးေနာက္ အခုလို ျပန္တုိက္ခုိက္ခံရတာ ျဖစ္ပါတယ္။

အဲဒီၿမိဳ႕မွာ လက္နက္ကိုင္ အဖြဲ႔ ၂ ဖြဲ႔ လႈပ္ရွားေနပါတယ္။ အီရတ္အစိုးရက IS အဖြဲ႔အေပၚ အႏုိင္ရွိခဲ့တယ္လို႔ ေၾကညာခဲ့ေပမယ့္လည္း အီရတ္ႏုိင္ငံအတြင္း IS အဖြဲ႔ေတြက အေသခံ ဗံုးခြဲတုိက္ခိုက္မႈေတြ ဆက္လက္ာ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခြုံခိုတိုက်ခိုက်ခံရမှု အီရတ် ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး သေ

IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကာရကတ်မြို့ အနီးမှာ အီရတ် အစိုးရ လိုလားတဲ့ ပြည်သူစစ်တွေရဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ် အဖွဲ့ဝင် ၂၇ ဦး သေဆုံးသွားခဲ့တယ်လို့ အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ Popular Mobilisation အဖွဲ့က ပြောပါတယ်။

IS အဖွဲ့ကလည်း အဲဒီတိုက်ခိုက်မှုကို သူတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံထားပါတယ်။ အီရတ်လုံ ခြုံရေး တပ်ဖွဲ့တွေက IS စစ်သွေးကြွအဖွဲ့တွေဟာ ပြည်သူ့စစ် အဖွဲ့တွေကို တိုက်ခိုက်ဖို့ ရဲယူနီဖောင်းတွေ ဝတ်ဆင်ကာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ အီရတ်ဝန်ကြီးချုပ် ဟာဒီဒါ အယ်လ် ဘာဒီက သေဆုံးခဲ့သူတွေ အတွက် အမှန်တရားဖြစ်အောင် လုပ်ဆောင်သွားဖို့ အမိန့်ပေးထားပါတယ်။

အီရတ် အစိုးရတပ်ဖွဲ့တွေဟာ အခုလ အစောပိုင်းက ရေနံသယ်ဆောင်ရာမယ့် လမ်းကြောင်း ကောင်းမွန်စေဖို့ လက်နက်ကိုင် အဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီးနောက် အခုလို ပြန်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ အဲဒီမြို့မှာ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ လှုပ်ရှားနေပါတယ်။ အီရတ်အစိုးရက IS အဖွဲ့အပေါ် အနိုင်ရှိခဲ့တယ်လို့ ကြေညာခဲ့ပေမယ့်လည်း အီရတ်နိုင်ငံအတွင်း IS အဖွဲ့တွေက အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်လကာ် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)