အီရန္ရဲနဲ႔ ဆူဖီ ေနာက္လိုက္ေတြ ႐ုန္းရင္းဆန္ခတ္ျဖစ္၊ ၅ ဦးေသ

0
903

အီရန္ႏိုင္ငံ၊ တီဟီရန္ၿမိဳ႕မွာ ဆူဖီ ဘာသာေရးအဖြဲ႔ ေနာက္လိုက္ေတြနဲ႔ ရဲေတြ မေန႔က ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔က ပဋိပကၡျဖစ္ပြားၿပီး ရဲ ၃ ဦး အပါအဝင္ ၅ ဦး ေသဆံုးပါတယ္။

ဆူဖီ ေနာက္လိုက္ေတြက ရဲတပ္ဖြဲ႔ရွိတဲ့ လူအုပ္ထဲကို ကားနဲ႔ ဝင္တိုက္ခဲ့တာ ျဖစ္ၿပီး က်ဴးလြန္သူေတြကို ခ်က္ခ်င္းဖမ္းမိတယ္လို႔ ရဲက ေျပာပါတယ္။ တျခားရဲအရာရွိ အမ်ားအျပားလည္း ဒဏ္ရာရလိုက ေဆး႐ံုတင္ထားရပါတယ္။

အင္တာနက္ေပၚက ဗီဒီယုိဖုိင္မွတ္တမ္းေတြအရ တီဟီရန္ ေျမာက္ပိုင္းမွာ ဘတ္စ္ကားတစ္စီးက လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြရွိရာကို ဝင္တိုက္ခဲ့တာ ျဖစ္ၿပီး ဘယ္သူက ဝင္တိုက္တယ္ဆိုတာ မီဒီယာေတြက အတည္မျပဳႏိုင္ပါဘူး။ ရဲေတြဘက္ကလည္း ဆူဖီ ဂိုနာဘာဒီ ေနာက္လိုက္ေတြကို ေသနတ္နဲ႔ပစ္တာ မ်က္ရည္ယိုဗံုးနဲ႔ ပစ္တာေတြ လုပ္ခဲ့ပါတယ္။

အီရန္အစိုးရက ဆူဖီေတြကို မတရားဖမ္းဆီးတာ၊ ေႏွာင့္ယွက္တာ၊ ခ်ဴပ္ေႏွာင္တာေတြ ရွိတယ္လို႔ ၂၀၁၇ ခုႏွစ္ မတ္လမွာ ကုသလမဂၢက ထုတ္ျပန္ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန်ရဲနဲ့ ဆူဖီ နောက်လိုက်တွေ ရုန်းရင်းဆန်ခတ်ဖြစ်၊ ၅ ဦးသေ

အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ဆူဖီ ဘာသာရေးအဖွဲ့ နောက်လိုက်တွေနဲ့ ရဲတွေ မနေ့က ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပဋိပက္ခဖြစ်ပွားပြီး ရဲ ၃ ဦး အပါအဝင် ၅ ဦး သေဆုံးပါတယ်။

ဆူဖီ နောက်လိုက်တွေက ရဲတပ်ဖွဲ့ရှိတဲ့ လူအုပ်ထဲကို ကားနဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပြီး ကျူးလွန်သူတွေကို ချက်ချင်းဖမ်းမိတယ်လို့ ရဲက ပြောပါတယ်။ တခြားရဲအရာရှိ အများအပြားလည်း ဒဏ်ရာရလိုက ဆေးရုံတင်ထားရပါတယ်။

အင်တာနက်ပေါ်က ဗီဒီယိုဖိုင်မှတ်တမ်းတွေအရ တီဟီရန် မြောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာကို ဝင်တိုက်ခဲ့တာ ဖြစ်ပြီး ဘယ်သူက ဝင်တိုက်တယ်ဆိုတာ မီဒီယာတွေက အတည်မပြုနိုင်ပါဘူး။ ရဲတွေဘက်ကလည်း ဆူဖီ ဂိုနာဘာဒီ နောက်လိုက်တွေကို သေနတ်နဲ့ပစ်တာ မျက်ရည်ယိုဗုံးနဲ့ ပစ်တာတွေ လုပ်ခဲ့ပါတယ်။

အီရန်အစိုးရက ဆူဖီတွေကို မတရားဖမ်းဆီးတာ၊ နှောင့်ယှက်တာ၊ ချူပ်နှောင်တာတွေ ရှိတယ်လို့ ၂၀၁၇ ခုနှစ် မတ်လမှာ ကုသလမဂ္ဂက ထုတ်ပြန်ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)