ေရြးေကာက္ပြဲမတုိင္ခင္ ေဖြထုိင္းပါတီကို ညီညြတ္ဖို႔  ဝန္ႀကီးေဟာင္း ေတာင္းဆုိ

0
256

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ ရွင္နာဝပ္က ေရြးေကာက္ပြဲ မတိုင္ခင္ ပါတီကို စုစည္းညီညြတ္ဖို႔ ေတာင္းဆုိလိုက္တယ္လုိ႔ ေဖြထုိင္းပါတီ ေျပာေရးဆုိခြင့္ရွိသူက ေျပာပါတယ္။

မစၥတာ သက္ဆင္က ေဟာင္ေကာင္မွာ ေဖြထုိင္းပါတီဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆံုခ်ိန္မွာ အခုလို ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။ သက္ဆင္က ၿပီးခဲ့တဲ့ သီတင္းပတ္ေတြမွာ တ႐ုတ္၊ စင္ကာပူနဲ႔ ေဟာင္ေကာင္တုိ႔ကို အလည္သြားေရာက္ခဲ့ၿပီး ေဖြထုိင္းပါတီဝင္ေတြကို စုစည္းညီညြတ္ဖုိ႔နဲ႔ စုစည္းညီညြတ္ဖုိ႔ကို မခ်ဳိးဖ်က္ဖုိ႔ ေတာင္းဆိုခဲ့တယ္လို႔ ေဖြထုိင္းပါတီဝင္ တစ္ဦးျဖစ္တဲ့ ပရာယတ္ ဆီရီပါနစ္က ေျပာခဲ့ပါတယ္။

ထုိင္းစစ္အစိုးရက ႏိုဝင္ဘာလမွာ ေရြးေကာက္ပြဲ က်င္းပေပးမယ္လို႔ ကတိျပဳထားရာ အဲဒီေရြးေကာက္ပြဲနဲ႔ ပတ္သက္လုိ႔ ေဖြထုိင္းပါတီရဲ႕ အေျခေနကို လူအမ်ားက ေစာင့္ၾကည့္ေနပါတယ္။ သက္ဆင္ဟာ ထုိင္းဝန္ႀကီးခ်ဳပ္ အျဖစ္ ၂၀၀၁ ခုႏွစ္ကေန ၂၀၀၆ ခုႏွစ္အထိ တာဝန္ယူခဲ့ၿပီး ထုိင္းႏုိင္ငံေရး ေလာကမွာ ေက်ာ္ၾကားေနဆဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

ရွေးကောက်ပွဲမတိုင်ခင် ဖွေထိုင်းပါတီကို ညီညွတ်ဖို့ ဝန်ကြီးဟောင်း တောင်းဆို

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က ရွေးကောက်ပွဲ မတိုင်ခင် ပါတီကို စုစည်းညီညွတ်ဖို့ တောင်းဆိုလိုက်တယ်လို့ ဖွေထိုင်းပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မစ္စတာ သက်ဆင်က ဟောင်ကောင်မှာ ဖွေထိုင်းပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ သက်ဆင်က ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ တရုတ်၊ စင်ကာပူနဲ့ ဟောင်ကောင်တို့ကို အလည်သွားရောက်ခဲ့ပြီး ဖွေထိုင်းပါတီဝင်တွေကို စုစည်းညီညွတ်ဖို့နဲ့ စုစည်းညီညွတ်ဖို့ကို မချိုးဖျက်ဖို့ တောင်းဆိုခဲ့တယ်လို့ ဖွေထိုင်းပါတီဝင် တစ်ဦးဖြစ်တဲ့ ပရာယတ် ဆီရီပါနစ်က ပြောခဲ့ပါတယ်။

ထိုင်းစစ်အစိုးရက နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပြုထားရာ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖွေထိုင်းပါတီရဲ့ အခြေနေကို လူအများက စောင့်ကြည့်နေပါတယ်။ သက်ဆင်ဟာ ထိုင်းဝန်ကြီးချုပ် အဖြစ် ၂၀ဝ၁ ခုနှစ်ကနေ ၂၀ဝ၆ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ထိုင်းနိုင်ငံရေး လောကမှာ ကျော်ကြားနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)