အင္ဒိုနီးရွား မီးေတာင္ ေပါက္ကြဲၿပီး ျပာေတြ မႈတ္ထုတ္

0
276

အင္ဒိုနီးရွားႏိုင္ငံက ဆီနဘန္ မီးေတာင္ဟာ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔မွာ ေပါက္ကြဲမႈျဖစ္ၿပီး မီတာ ၅၀၀၀ အျမင့္အထိ  ျပာေတြကို မႈတ္ထုတ္ခဲ့ပါတယ္။

အဲဒီမီးေတာင္ဟာ ၂၄၆၀ မီတာ အျမင့္ရွိၿပီး ၂၀၁၀ ျပည့္ႏွစ္ ကတည္းက မီးေတာင္လႈပ္ရွားမႈ ရွိခဲ့ၿပီး မီးေတာင္က ျပာေတြဟာ ေတာင္ဘက္နဲ႔ အေရွ႕ဘက္ကို ေရြ႕လ်ားေနခဲ့ပါတယ္။

မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေလယာဥ္ ပ်ံသန္းမႈေတြကို ထိခိုက္တာ  မရွိေသးဘူးလုိ႔ အင္ဒိုနီးရွား အမ်ိဳးသားအဆင့္ သဘာဝေဘးအႏၱရာယ္ ေလွ်ာ့ခ်ေရး ေအဂ်င္စီက သတင္းထုတ္ျပန္ထားပါတယ္။

မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေဒသခံ ၁၄ ဦးေသဆံုးသြားခဲ့ၿပီး  လူေပါင္း၃ေသာင္း ၃ ေထာင္ကို အစုိးရက ေဘးလြတ္ရာကို ေရႊ႔ေျပာင္းေပးထားပါတယ္။

အဲဒီမီးေတာင္ဟာ ၂၀၁၀ ျပည့္ႏွစ္မွာ အသက္မဝင္ခင္အထိ ႏွစ္ေပါင္း ၄၀၀ နီးပါး ၿငိမ္သက္ေနခဲ့ၿပီး ဒီႏွစ္ထဲမွာ အခုတႀကိမ္ဟာ မီးေတာင္ရဲ႕ လႈပ္ရွားမႈေတြထဲ အျပင္းထန္ဆံုး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှား မီးတောင် ပေါက်ကွဲပြီး ပြာတွေ မှုတ်ထုတ်

အင်ဒိုနီးရှားနိုင်ငံက ဆီနဘန် မီးတောင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပေါက်ကွဲမှုဖြစ်ပြီး မီတာ ၅၀ဝ၀ အမြင့်အထိ ပြာတွေကို မှုတ်ထုတ်ခဲ့ပါတယ်။

အဲဒီမီးတောင်ဟာ ၂၄၆၀ မီတာ အမြင့်ရှိပြီး ၂၀၁၀ ပြည့်နှစ် ကတည်းက မီးတောင်လှုပ်ရှားမှု ရှိခဲ့ပြီး မီးတောင်က ပြာတွေဟာ တောင်ဘက်နဲ့ အရှေ့ဘက်ကို ရွေ့လျားနေခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ် ပျံသန်းမှုတွေကို ထိခိုက်တာ မရှိသေးဘူးလို့ အင်ဒိုနီးရှား အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ် လျှော့ချရေး အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံ ၁၄ ဦးသေဆုံးသွားခဲ့ပြီး လူပေါင်း၃သောင်း ၃ ထောင်ကို အစိုးရက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပါတယ်။

အဲဒီမီးတောင်ဟာ ၂၀၁၀ ပြည့်နှစ်မှာ အသက်မဝင်ခင်အထိ နှစ်ပေါင်း ၄၀ဝ နီးပါး ငြိမ်သက်နေခဲ့ပြီး ဒီနှစ်ထဲမှာ အခုတကြိမ်ဟာ မီးတောင်ရဲ့ လှုပ်ရှားမှုတွေထဲ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)