ကြင္းလယ္လူ ေပါ့ဘာ  ဆီဗီးလားနဲ႔ပြဲကို ျပန္ပါမယ္  

0
889

မန္ယူ ကြင္းလယ္ ကစားသမား ေပါ့ဘာက အသင္းနဲ႔ ေလ့က်င့္ခန္းေတြ ျပန္လုပ္ခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔မွာ ကစားမယ့္ ဆီဗီးလားနဲ႔ပြဲကို ျပန္ကစားမွာျဖစ္ပါတယ္။

ေပါ့ဘာက မန္ယူနဲ႔ ဟတ္ဒါဖီးလ္တုိ႔ ကစားခဲ့တဲ့ အက္ဖ္ေအ ဖလားပြဲမွာ ေနမေကာင္းတာေၾကာင့္ လြဲေခ်ာ္ခဲ့ရပါတယ္။ အဲဒီအတြက္ေၾကာင့္ စပိန္ေျမမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္အတြက္ ေပါ့ဘာရဲ႕ ႀကံ့ခုိင္မႈကို သံသယရွိခဲ့ေပမယ့္ ေပါ့ဘာဟာ တနဂၤေႏြေန႔က အသင္းနဲ႔အတူ ေလက်င့္ခန္းေတြ ျပဳလုပ္ေနၿပီးေနာက္ ဆီဗီးလားနဲ႔ ပြဲကို ျပန္ပါဝင္ဖြယ္ရွိရာ အသင္းအတြက္ သတင္းေကာင္းတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။

မန္ယူအသင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔ ေတြ႕ႀကဳံေနရာ နည္းျပ ေမာ္ရင္ဟိုက အသင္းႀကံ့ခုိင္မႈကို စိုးရိမ္မူေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကွင်းလယ်လူ ပေါ့ဘာ ဆီဗီးလားနဲ့ပွဲကို ပြန်ပါမယ်

မန်ယူ ကွင်းလယ် ကစားသမား ပေါ့ဘာက အသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်လုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကစားမယ့် ဆီဗီးလားနဲ့ပွဲကို ပြန်ကစားမှာဖြစ်ပါတယ်။

ပေါ့ဘာက မန်ယူနဲ့ ဟတ်ဒါဖီးလ်တို့ ကစားခဲ့တဲ့ အက်ဖ်အေ ဖလားပွဲမှာ နေမကောင်းတာကြောင့် လွဲချော်ခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့် စပိန်မြေမှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် ပေါ့ဘာရဲ့ ကြံ့ခိုင်မှုကို သံသယရှိခဲ့ပေမယ့် ပေါ့ဘာဟာ တနင်္ဂနွေနေ့က အသင်းနဲ့အတူ လေကျင့်ခန်းတွေ ပြုလုပ်နေပြီးနောက် ဆီဗီးလားနဲ့ ပွဲကို ပြန်ပါဝင်ဖွယ်ရှိရာ အသင်းအတွက် သတင်းကောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

မန်ယူအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ တွေ့ကြုံနေရာ နည်းပြ မော်ရင်ဟိုက အသင်းကြံ့ခိုင်မှုကို စိုးရိမ်မူတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)