
0
288

 




>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြစ်ဝါမြစ်မှာ ကာလအလိုက် ငါးဖမ်းမှု တရုတ်အစိုးရ ပိတ်ပင်မယ်

မြစ်ဝါမြစ်အတွင်း နှစ်စဉ် ဧပြီ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ကာလအလိုက် ငါးဖမ်းမှုကို အခု ၂၀၁၈ ခုနှစ်ကစပြီး ပိတ်ပင်သွားမယ်လို့ တရုတ် စိုက်ပျိုးရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

မြစ်ဝါမြစ်အတွင်း ရေသယံဇာတ ရင်းမြစ်တွေကို ခြိမ်းခြောက်နေတဲ့ ငါးအလွန်အကျွံဖမ်းဆီးမှုကို အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အခု ပိတ်ပင်မှုမှာ မြစ်လက်တက် ၁၃ ခု၊ မြစ်ဝါမြစ်နဲ့ ချိတ်ဆက်နေတဲ့ အိုင်ကြီး ၃ အိုင်လည်း အကျုံးဝင်မှာ ဖြစ်ပါတယ်။

ကာလအလိုက် ငါးဖမ်းမှုတွေကို ၂၀ဝ၂ ခုနှစ်တုန်းက ယန်ဇီမြစ်၊ ၂၀၁၀ ခုနှစ်မှာ ပုလဲမြစ်တို့မှာ ပိတ်ပင်မှုတွေ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)