အိႏၵိယ မဂၤလာေဆာင္ ဂက္စ္အိုး ေပါက္ကြဲမႈ ၁၈ ဦး ေသဆံုး

0
244

အိႏၵိယႏိုင္ငံ အေနာက္ပိုင္း မဂၤလာေဆာင္တစ္ခု က်င္းပေနခ်ိန္အတြင္း ဂက္စ္အုိးေပါက္ကြဲမႈ ျဖစ္ၿပီး လူ ၁၈ ဦး ေသဆံုးခဲ့ပါတယ္။

ရာဂ်က္စတန္ ျပည္နယ္၊ ဘီးဝါးၿမဳိ႕က ဟိုတယ္တစ္ခုမွာ အဆိုပါ မဂၤလာေဆာင္ အခမ္းအနား က်င္းပေနစဥ္မွာ ဂက္စ္အုိး ေပါက္ကြဲခဲ့တာ ျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီ ၁၈ ရက္က ေပါက္ကြဲမႈျဖစ္ခဲ့တဲ့ ဟိုတယ္ရဲ႕ အပ်က္အစီးေတြ ၾကားကေန ႐ုပ္အေလာင္း ၉ ေလာင္း ထပ္မံရရွိခဲ့ၿပီးေနာက္ ေသဆံုးသူ ဦးေရဟာ ၁၈ ဦးအထိ ရွိလာခဲ့ပါတယ္။

ေသဆံုးသူေတြထဲမွာ အမ်ဳိးသမီးနဲ႔ ကေလးငယ္ေတြလည္း ပါဝင္ခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာ အျပင္းအထန္ ရသြားသူ ၅ ဦး ရွိခဲ့ပါတယ္။ ေသဆံုးသြားသူေတြရဲ႕ က်န္ရစ္သူ မိသားစုဝင္ တစ္စုစီကို နစ္နာေၾကး ႐ူပီး ၂ သိန္းစီ ထုတ္ေပးသြားမယ္လို႔ အိႏၵိယ အစိုးရ တာဝန္ရွိသူက ေၾကညာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ မင်္ဂလာဆောင် ဂက်စ်အိုး ပေါက်ကွဲမှု ၁၈ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မင်္ဂလာဆောင်တစ်ခု ကျင်းပနေချိန်အတွင်း ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပြီး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။

ရာဂျက်စတန် ပြည်နယ်၊ ဘီးဝါးမြို့က ဟိုတယ်တစ်ခုမှာ အဆိုပါ မင်္ဂလာဆောင် အခမ်းအနား ကျင်းပနေစဉ်မှာ ဂက်စ်အိုး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဟိုတယ်ရဲ့ အပျက်အစီးတွေ ကြားကနေ ရုပ်အလောင်း ၉ လောင်း ထပ်မံရရှိခဲ့ပြီးနောက် သေဆုံးသူ ဦးရေဟာ ၁၈ ဦးအထိ ရှိလာခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားသူ ၅ ဦး ရှိခဲ့ပါတယ်။ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင် တစ်စုစီကို နစ်နာကြေး ရူပီး ၂ သိန်းစီ ထုတ်ပေးသွားမယ်လို့ အိန္ဒိယ အစိုးရ တာဝန်ရှိသူက ကြေညာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)