အပူေငြ႔ေပးထားတဲ့ ကားထဲ လိင္ဆက္ဆံတဲ့ ဂ်ာမန္ စံုတြဲ ေသဆံုး

0
1045

အေႏြးဓာတ္ရေအာင္ ကားစက္ႏိႈး အပူေပးၿပီးေတာ့ ကားထဲမွာ လိင္ဆက္ဆံတဲ့ စံုတြဲ ေသဆံုးေနတာ ေတြ႔ရၿပီး အသက္႐ႉၾကပ္ၿပီး ေသဆံုးတယ္လို႔ ယူဆရပါတယ္။

ဂ်ာမနီနိုင္ငံ၊ ႐ိုင္း-ဝက္စ္ေဖးလီးယား ေဒသေျမာက္ပိုင္း ေဘာ့ထေရာ့ပ္ၿမိဳ႕က ဂိုေထာင္ထဲရွိ ကားထဲမွာ အဝတ္အစားမဲ့ေနတဲ့ ၃၉ ႏွစ္အရြယ္ အမ်ိဳးသားနဲ႔ ၄၄ ႏွစ္အရြယ္ အမ်ိဳးသမီးတို႔ စံုတြဲကို ရဲကေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

အမည္မေဖာ္ျပတဲ့စံုတြဲဟာ အေႏြးဓာတ္ရေအာင္ ကားစက္ႏိႈးထားရာက အသက္႐ႉၾကပ္ၿပီး ေသဆံုးတာျဖစ္တယ္လို႔ ရဲေတြက ေျပာပါတယ္။

သတၱဳတံခါးတပ္ ကားဂိုေထာင္ထဲမွာ ကားအင္ဂ်င္ နာရီေပါင္းမ်ားစြာ ႏိႈးေနတာကို ပတ္ဝန္းက်င္က သတိမျပဳမိခဲ့ပါဘူး။ အမ်ိဳးသားရဲ႕ မိသားစုဝင္ေတြက သူတို႔ ေပ်ာက္ဆံုးေနတာ ရက္အတန္ၾကာၿပီလို႔ ရဲကို အေၾကာင္းၾကားလို႔ ရဲက ကားဂိုေထာင္ကို ဖြင့္စစ္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အပူငွေ့ပေးထားတဲ့ ကားထဲ လိင်ဆက်ဆံတဲ့ ဂျာမန် စုံတွဲ သေဆုံး

အနွေးဓာတ်ရအောင် ကားစက်နှိုး အပူပေးပြီးတော့ ကားထဲမှာ လိင်ဆက်ဆံတဲ့ စုံတွဲ သေဆုံးနေတာ တွေ့ရပြီး အသက်ရှူကြပ်ပြီး သေဆုံးတယ်လို့ ယူဆရပါတယ်။

ဂျာမနီနိုင်ငံ၊ ရိုင်း-ဝက်စ်ဖေးလီးယား ဒေသမြောက်ပိုင်း ဘော့ထရော့ပ်မြို့က ဂိုထောင်ထဲရှိ ကားထဲမှာ အဝတ်အစားမဲ့နေတဲ့ ၃၉ နှစ်အရွယ် အမျိုးသားနဲ့ ၄၄ နှစ်အရွယ် အမျိုးသမီးတို့ စုံတွဲကို ရဲကတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အမည်မဖော်ပြတဲ့စုံတွဲဟာ အနွေးဓာတ်ရအောင် ကားစက်နှိုးထားရာက အသက်ရှူကြပ်ပြီး သေဆုံးတာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ သတ္တုတံခါးတပ် ကားဂိုထောင်ထဲမှာ ကားအင်ဂျင် နာရီပေါင်းများစွာ နှိုးနေတာကို ပတ်ဝန်းကျင်က သတိမပြုမိခဲ့ပါဘူး။ အမျိုးသားရဲ့ မိသားစုဝင်တွေက သူတို့ ပျောက်ဆုံးနေတာ ရက်အတန်ကြာပြီလို့ ရဲကို အကြောင်းကြားလို့ ရဲက ကားဂိုထောင်ကို ဖွင့်စစ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)