
0
912


ရာဇဝတ် ဂိုဏ်းကြီးတွေဖြစ်တဲ့ ခရစ္စတီ ကီနာဟန်နဲ့ ဂါရီ ဟတ်ခ်ျကြား ၂ နှစ်ကြာ ကာလအတွင်း တိုက်ခိုက်မှုတွေကြောင့် ဂိုဏ်းသားတွေရဲ့ မိသားစုဝင်တွေလည်း နေအိမ်ကနေ ထွက်ပြေးနေကြပါတယ်။


နိုင်ငံရေးသမားတွေ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ၊ ခရစ်ယာန် ဘုန်းကြီးတွေက သွေးထွက်သံယိုမှုတွေကို ရပ်ကြဖို့ မေတ္တာရပ်ခံထားပေမယ့် ကီနာဟန်ဂိုဏ်းက ဟတ်ခ်ျ ဂိုဏ်းတစ်ခုလုံးနဲ့ အဲဒီဂိုဏ်းကို သစ္စာခံသူတွေကို အမြစ်ဖြတ်ရှင်းလင်းဖို့ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒဗ္ဗလင် မူးယစ်ဆေး ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှု ၂၉ ဦးအထိ သေဆုံးမှုရှိ

အိုင်ယာလန် ရာဇဝတ်မှု သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ မူးယစ်ဆေး ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုကြောင့် ဒဗ္ဗလင်မှာ သေဆုံးသူ ၂၉ ဦး အထိ ရှိလာပါတယ်။

ရာဇဝတ် ဂိုဏ်းကြီးတွေဖြစ်တဲ့ ခရစ္စတီ ကီနာဟန်နဲ့ ဂါရီ ဟတ်ချ်ကြား ၂ နှစ်ကြာ ကာလအတွင်း တိုက်ခိုက်မှုတွေကြောင့် ဂိုဏ်းသားတွေရဲ့ မိသားစုဝင်တွေလည်း နေအိမ်ကနေ ထွက်ပြေးနေကြပါတယ်။ မူးယစ်ဆေးဝါး ရောင်းချတဲ့ ဂိုဏး ၂ ခုကြား အပြန်အလှန် လုပ်ကြံ သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ စာရင်း ၂၉ ဦးအထိ ရရှိတယ်လို့ စုံထောက်တွေက ဒဗ္ဗလင် စီးတီးကောင်စီနဲ့ ရဲအရာရှိတွေဆီ သတင်းပို့ခဲ့ပါတယ်။

နိုင်ငံရေးသမားတွေ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ၊ ခရစ်ယာန် ဘုန်းကြီးတွေက သွေးထွက်သံယိုမှုတွေကို ရပ်ကြဖို့ မေတ္တာရပ်ခံထားပေမယ့် ကီနာဟန်ဂိုဏ်းက ဟတ်ချ် ဂိုဏ်းတစ်ခုလုံးနဲ့ အဲဒီဂိုဏ်းကို သစ္စာခံသူတွေကို အမြစ်ဖြတ်ရှင်းလင်းဖို့ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)