ေဆာင္းရာသီ အိုလံပစ္မွာ ေရခဲျပင္ အလွကၿပိဳင္ပြဲဝင္သူေတြ ဝတ္စံုေၾကာင့္ အရွက္ကြဲ

0
948

ေတာင္ကိုရီးယား ၿပံဳခ်မ္း ေဆာင္းရာသီ အိုလံပစ္ၿပိဳင္ပြဲမွာ ေရခဲျပင္ အလွက စကိတ္ၿပိဳင္ပြဲဝင္သူေတြ ခ်ဳပ္လုပ္ပံု မခိုင္ခံ့၊ မေသခ်ာတဲ့ ဝတ္စံုေတြေၾကာင့္ အရွက္ရမႈေတြ ျဖစ္ခဲ့ပါတယ္။

ေရခဲျပင္ စကိတ္ အလွျပၿပိဳင္ပြဲဝင္ေနစဥ္ ဂါဘရီလာ ပါပါဒါကစ္လည္း ဝတ္စံု ခ်ဳပ္လံုပံု မေသခ်ာတဲ့ ဒဏ္ကို ခံခဲ့ရပါတယ္။ ပါပါဒါကစ္ဟာ တြဲဖက္ ဂြီလူမီ စီဇာရြန္နဲ႔ ကေနစဥ္ ဝတ္စံုကို စြဲစုမိသလို ျဖစ္စဥ္ ရင္သားေပၚခဲ့ရပါတယ္။

ဒါေပမယ့္ ၿပိဳင္ပြဲဝင္ ျပင္သစ္စံုတြဲဟာ ကျပၿပိဳင္ပြဲဝင္မႈကို ထိန္းၿပီးေတာ့ ၿပီးဆံုးေအာင္ ၿပိဳင္ပြဲဝင္ခဲ့ပါတယ္။ စီဇာရြန္ကလည္း ထပ္ၿပီး အရွက္မကြဲေအာင္ အတတ္ႏိုင္ဆံုး ထိန္းသိမ္းေပးသြားပါတယ္။ မျဖစ္ခ်င္တဲ့ အိပ္မက္ဆိုး ျဖစ္သြားခဲ့တယ္လို႔ ပါပါဒါကစ္က သတင္းေထာက္ေတြကို ေျပာပါတယ္။

ပါပါဒါကစ္ဟာ ေဆာင္းရာသီ အိုလံပစ္မွာ ပထမဆံုး အခုလိုႀကံဳရသူ မဟုတ္ပါဘူး။ မင္ ယူရာရဲ႕ ဝတ္စံုဟာလည္း တြဲဖက္ အလက္ဇန္းဒါး ဂါမီလင္နဲ႔အတူ ယွဥ္ၿပိဳင္ေနစဥ္ ခ်ိတ္ျပဳတ္သြားလို႔ ဒုကၡေရာက္ခဲ့ပါေသးတယ္။

အဲလက္က အတတ္ႏိုင္ဆံုး ထိန္းေပးထားတယ္၊ ပရိသတ္ကလည္း ဒုကၡေရာက္ေနၿပီဆိုတာ သိတယ္၊ ဒါေပမယ့္ ကြ်န္မတို႔ကို အားေပးခဲ့ပါတယ္လို႔ ေတာင္ကိရီးယားသူ မင္ ယူရာက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆောင်းရာသီ အိုလံပစ်မှာ ရေခဲပြင် အလှကပြိုင်ပွဲဝင်သူတွေ ဝတ်စုံကြောင့် အရှက်ကွဲ

တောင်ကိုရီးယား ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ရေခဲပြင် အလှက စကိတ်ပြိုင်ပွဲဝင်သူတွေ ချုပ်လုပ်ပုံ မခိုင်ခံ့၊ မသေချာတဲ့ ဝတ်စုံတွေကြောင့် အရှက်ရမှုတွေ ဖြစ်ခဲ့ပါတယ်။

ရေခဲပြင် စကိတ် အလှပြပြိုင်ပွဲဝင်နေစဉ် ဂါဘရီလာ ပါပါဒါကစ်လည်း ဝတ်စုံ ချုပ်လုံပုံ မသေချာတဲ့ ဒဏ်ကို ခံခဲ့ရပါတယ်။ ပါပါဒါကစ်ဟာ တွဲဖက် ဂွီလူမီ စီဇာရွန်နဲ့ ကနေစဉ် ဝတ်စုံကို စွဲစုမိသလို ဖြစ်စဉ် ရင်သားပေါ်ခဲ့ရပါတယ်။

ဒါပေမယ့် ပြိုင်ပွဲဝင် ပြင်သစ်စုံတွဲဟာ ကပြပြိုင်ပွဲဝင်မှုကို ထိန်းပြီးတော့ ပြီးဆုံးအောင် ပြိုင်ပွဲဝင်ခဲ့ပါတယ်။ စီဇာရွန်ကလည်း ထပ်ပြီး အရှက်မကွဲအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးသွားပါတယ်။ မဖြစ်ချင်တဲ့ အိပ်မက်ဆိုး ဖြစ်သွားခဲ့တယ်လို့ ပါပါဒါကစ်က သတင်းထောက်တွေကို ပြောပါတယ်။

ပါပါဒါကစ်ဟာ ဆောင်းရာသီ အိုလံပစ်မှာ ပထမဆုံး အခုလိုကြုံရသူ မဟုတ်ပါဘူး။ မင် ယူရာရဲ့ ဝတ်စုံဟာလည်း တွဲဖက် အလက်ဇန်းဒါး ဂါမီလင်နဲ့အတူ ယှဉ်ပြိုင်နေစဉ် ချိတ်ပြုတ်သွားလို့ ဒုက္ခရောက်ခဲ့ပါသေးတယ်။

အဲလက်က အတတ်နိုင်ဆုံး ထိန်းပေးထားတယ်၊ ပရိသတ်ကလည်း ဒုက္ခရောက်နေပြီဆိုတာ သိတယ်၊ ဒါပေမယ့် ကျွန်မတို့ကို အားပေးခဲ့ပါတယ်လို့ တောင်ကိရီးယားသူ မင် ယူရာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)