ေဘာ္နီယိုမွာ ေအာ္ရန္အူတန္ ေမ်ာက္ဝံ ၁ သိန္းခြဲအထိ ေသေၾကေပ်ာက္ဆံုး

0
257

ေဘာ္နီယိုကြ်န္းမွာ အမဲလိုက္မႈနဲ႔ သစ္ပင္ခုတ္မႈေတြေၾကာင့္ ေအာ္ရန္အူတန္ ေမ်ာက္ဝံဦးေရ အလ်င္အျမန္ က်ဆင္းေနၿပီး ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္ ေအာ္ရန္အူတန္ ေမ်ာက္ဝံ ၁ သိန္းခြဲအထိ ေသေၾက ေပ်ာက္ဆံုးသြားတယ္လို႔ ထိန္းသိမ္းကာကြယ္ေရး အဖြဲ႔ေတြက သတိေပးလိုက္ပါတယ္။

ေဘာ္နီယိုကြ်န္းေပၚမွာ ေအာ္ရန္အူတန္ အေရအတြက္ဟာ ၇ ေသာင္းနဲ႔ ၁ သိန္းၾကားထဲမွာပဲ က်န္ေတာ့တယ္လို႔ ယေန႔ ဇီဝေဗဒဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

စားအုန္းဆီနဲ႔ အေကးရွားပင္ေတြ စိုက္ပ်ိဳးဖို႔ သစ္ေတာေတြကို ခုတ္လွဲမႈေတြေၾကာင့္လည္း ေအာ္ရန္အူတန္ ေမ်ာက္ဝံ အေရအတြက္ က်ဆင္းေနပါတယ္။ အလားတူ အမဲလိုက္တာမ်ားတဲ့ ေနရာေတြမွာလည္း ေမ်ာက္ဝံ အေရအတြက္ လ်င္လ်င္ျမန္ျမန္ က်ဆင္ေနေၾကာင္း သုေတသီေတြက သတိေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘော်နီယိုမှာ အော်ရန်အူတန် မျောက်ဝံ ၁ သိန်းခွဲအထိ သေကြေပျောက်ဆုံး

ဘော်နီယိုကျွန်းမှာ အမဲလိုက်မှုနဲ့ သစ်ပင်ခုတ်မှုတွေကြောင့် အော်ရန်အူတန် မျောက်ဝံဦးရေ အလျင်အမြန် ကျဆင်းနေပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင် အော်ရန်အူတန် မျောက်ဝံ ၁ သိန်းခွဲအထိ သေကြေ ပျောက်ဆုံးသွားတယ်လို့ ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တွေက သတိပေးလိုက်ပါတယ်။

ဘော်နီယိုကျွန်းပေါ်မှာ အော်ရန်အူတန် အရေအတွက်ဟာ ၇ သောင်းနဲ့ ၁ သိန်းကြားထဲမှာပဲ ကျန်တော့တယ်လို့ ယနေ့ ဇီဝဗေဒဂျာနယ်မှာ ဖော်ပြထားပါတယ်။

စားအုန်းဆီနဲ့ အကေးရှားပင်တွေ စိုက်ပျိုးဖို့ သစ်တောတွေကို ခုတ်လှဲမှုတွေကြောင့်လည်း အော်ရန်အူတန် မျောက်ဝံ အရေအတွက် ကျဆင်းနေပါတယ်။ အလားတူ အမဲလိုက်တာများတဲ့ နေရာတွေမှာလည်း မျောက်ဝံ အရေအတွက် လျင်လျင်မြန်မြန် ကျဆင်နေကြောင်း သုတေသီတွေက သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)